
ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ၂၄.၁၀.၂၅ ရက်နေ့၊ နံနက် ၀၉း၀၀ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးမှူး ဒေါ်မြတ်မြတ်စိုးသည် အမှတ်(၂) ရပ်ကွက်၊ ကမ်းနားလမ်း ရှိ ဦးသက်ထိုက်ထွေး (ကုန်မျိုးစုံ) ဆိုင်မှ အသင့်စားမုန့်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာ ဖော်ပြခြင်းရှိ/မရှိနှင့် သန့်ရှင်းလတ်ဆက်၍ ကုန်အညွှန်းပြည့်စုံစွာဖော်ပြထားသော ကုန်စည်များသာ ရောင်းချရန် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
