ပဲပုစွန်သီးစိုက်ပျိုးနည်းအကြောင်းသိကောင်းစရာ

Powered by Drupal

             ပဲပုစွန်သည် အိမ်တွင်တစ်နိုင်တစ်ပိုင်စိုက်ပါက လွယ်ကူစွာစိုက်ပျိုးဖြစ်ထွန်းနိုင်ပါသည်။စင်ထောင်၍သော်လည်းကောင်း၊ ခြံစည်းရိုးများတွင် ကပ်၍သော်လည်းကောင်းစိုက်ပျိုးနိုင်သည်။ ပဲပုစွန်ကိုနွေပဲသီးဟုလည်း တစ်မျိုးခေါ်ကြသည်။ ပဲပုစွန်ကို လူအများအပြားစားသုံးလေ့ရှိကြပြီး နူးညံ့သောပဲတစ်မျိုးဖြစ်ပါသည်။ ပဲသီးနုနုများကို အရည်သောက်ချက်စားရသလို ရေနွေးဖျော၍  ပြုတ်စား၊ ကြော်စားလေ့ရှိကြသည်။ အချို့အိမ်များတွင်တစ်နိုင်တစ်ပိုင် စိုက်ပျိုးပါက အလွယ်တကူ စိုက်ပျိုးဖြစ်ထွန်းကြသည်။ ပဲပုစွန်ကို ရာသီမရွေးစိုက်ပျိုးနိုင်ပေမယ့် မိုးရာသီကုန်ဆုံးချိန်နှင့် သီတင်းကျွတ်လနှင့် တန်ဆောင်မုန်းလတွေမှာ စိုက်ပျိုးလျှင်ပို၍ ဖြစ်ထွန်းပါသည်။ မျိုးစေ့ချရာ၌ အစို ဓာတ်များလွန်းပါက အစေ့ပုတ်တတ်သည်။ တိုင်ထောင်ပြီးစိုက်ပျိုးလျှင် တစ်ကျင်းတွင်(၂-၃)စေ့ စိုက် ပျိုးရသည်။ ပဲပုစွန်စိုက်ပျိုးရာတွင် နွားချေးများထည့် စိုက်ပျိုးရသည်။ တစ်ပင်နှင့်တစ်ပင် ၁၀ လက်မ လောက်ခွာစိုက်ရသည်။ ရာသီဥတုသင့်တင့်သောဒေသတွင်  တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်သည်။ ပေါင်း နှစ်ကြိမ်ပေးရုံသာဖြင့်လုံလောက်သည်။ ခြောက်သွေ့သောရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိသော်လည်း ရေရှည်ခြောက်သွေ့ပါက ရေသွင်းပေးရန်လိုအပ်သည်။ ရေမဝပ်သော သဲ၊ နှုန်းမြေဆေး၊ နှုန်းမြေတို့ တွင်ဖြစ်ထွန်းသည်။ ပဲပုစွန်ကို အချို့သော တောင်သူများမှာ စီးပွားဖြစ်စိုက်ပျိုးကြပြီး အချို့မှာတော့ စားသုံးရန် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသည်။ ပဲပုစွန်သည် စားလျှင်နူးညံ့၍ အချို့သောရောဂါများကို သက်သာပျောက်ကင်းစေပါသည်။

DOCA(ဧရာဝတီ)