
ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၃၀.၁၀.၂၀၂၅) ရက်နေ့၊ နေ့လည် (၁၂: ၀၀) ဘိုကလေးမြို့နယ်ရှိ “နီနီအောင်” ဆန်ဆိုင် သို့ ဆန်လက်ကျန်စာရင်း ကွင်းဆင်းကောက်ယူခဲ့ပါသည်။
မြို့နယ်တာဝန်ခံက ကမ်းနားလမ်း(၅) ရပ်ကွက်ရှိ “နီနီအောင်” ဆန်ဆိုင်သို့ သိုလှောင်ထားရှိသော ဆန်အိတ်များကို စာရင်းကောက်ယူခဲ့ရာ ပေါ်ဆန်း(၂၀) အိတ်၊ ဧည့်မထ (၃၀) အိတ် သိုလှောင်ထားရှိကြောင်း မြေပြင်စာရင်းကောက်ယူခဲ့ပြီးဆန်ဆိုင်များအနေဖြင့် သတ်မှတ်ထားသော ဆန်အမျိုးအစားအလိုက်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချစေရေး ဆွေးနွေးပြောဆို ကွင်းဆင်းခဲ့မှုအရ သတင်းရရှိပါသည်။
(Doca ဧရာဝတီ)
