
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၃၀.၁၀.၂၀၂၅) ရက်နေ့၊ နံနက် (၁၀: ၃၀)နာရီအချိန်တွင် ဒေးဒရဲမြို့ပေါ်ရှိ ဆန်ဆိုင်များအား စာရင်းကောက်ယူ ကွင်းဆင်း စိစစ်ခဲ့ကြပါသည်။
အဆိုပါကွင်းဆင်းစိစစ်ရာတွင် မြို့နယ်တာဝန်ခံက ဈေးနှုန်းဈေးကွက်အခြေအနေ၊ လက်ကျန်အခြေအနေ၊သိုလှောင်ထားရှိသောပေါ်ဆန်း/ဧည့်မထဆန်အိတ်အရေအတွက် တို့ကို ကွင်းဆင်းစာရင်းကောက်ယူခဲ့ကြောင်း သတင်းရရှိပါသည်။
(Doca ဧရာဝတီ)
