ဇလွန်မြို့နယ် ညောင်ပင်ဈေးရပ်ကွက်နှင့် လမ်းမတော်(မ)ရပ်ကွက်ရှိ စက်သုံးဆီအရောင်းဆိုင်သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ဟင်္သာတခရိုင်၊ဇလွန်မြို့နယ်တာဝန်ခံသည်(၃၀.၁၀.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဇလွန်မြို့နယ် ညောင်ပင်ဈေး ရပ်ကွက်နှင့် လမ်းမတော်(မ)ရပ်ကွက်ရှိ စက်သုံး ဆီအရောင်းဆိုင်သို့ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချမှုရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း များ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချမှုအခြေအနေ၊ စက်သုံးဆီ ပြတ်လပ်မှုမရှိစေရေး၊ (PPRD) စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီး ကြပ်ရေးကော်မတီ က  နေ့စဉ်သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှု ရှိ/မရှိနှင့် အချိန် အတွယ်နှင့် အလေးချိန်မှန်ကန်မှု ရှိ/မရှိခြင်းတို့ကိုစစ်ဆေးခဲ့ပြီး၊ သတ်မှတ် စံချိန်စံညွှန်းပြည်မီရေး၊ လုပ်ငန်းရှင်များ အနေဖြင့် တရားမဝင်စက်ဆီ/ ချောဆီ များတင်သွင်းရောင်းချ ခြင်းမပြုစေရေး၊  ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ကုန်စည် နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ် ရေးဥပဒေ ၂၀၁၉ ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)