ဟင်္သာတမြို့နယ် စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့်ရောင်းချခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်း

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည်(၃၀.၁၀.၂၀၂၅)ရက်နေ့  နံနက် (၁၀:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့၊ လယ်တော်ကျေးရွာရှိ ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင် အသင်းရုံး၌ တလုတ္ထော်မြို့အမှတ် ၁၊၂၊၃၊၄၊၅ရပ်ကွက်များရှိ အုပ်ချုပ်ရေးမှုးများ၊ စားသုံးဆီခွဲတမ်းရ လက်လီကုန်မျိုးစုံဆိုင်များနှင့်တွေ့ဆုံ၍ ရပ်ကွက်အတွင်း ဆီဖြန့်ဖြူးရောင်းချပေးနေမှုအပေါ် အစဥ်ပြေစွာ ပြည်သူထံ ဖြန့်ဖြူးရောင်းချနိုင်ရေး ရှင်းလင်းဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

             ထိုသို့ဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံ ဦးမိုးကျော်က စားအုန်းဆီ ဖြန့်ဖြူးလျက်ရှိရာ စားသုံးသူ ပြည်သူများအား သတ်မှတ်ဈေးနှုန်းဖြင့် အဆင်ပြေချောမွေ့စွာ စားအုန်းဆီဝယ်ယူ ရရှိနိုင် ရေး၊ တရားမဝင်ရောင်းချမှုများ လျော့နည်းပပျောက်စေရေး ရည်ရွယ်၍ စားအုန်းဆီ ဖြန့်ဖြူးခြင်း လုပ်ငန်းများနှင့် ပတ်သတ်၍ ကျေးရွာ/ရပ်ကွက်အလိုက်  ဝယ်ယူရမည့်လက်လီအရောင်းဆိုင်၊ အိမ် ထောင်စုများအတွက်  စားအုန်းဆီဝယ်ယူခွင့် စာအုပ်များပြုလုပ်၍ ခွဲတမ်းအလိုက် ရောင်းချရန် လမ်းညွှန်ချက်များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း အသိပညာပေးပြောကြားခဲ့ပြီး၊ ခရိုင်ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်း ဒု-ဥက္ကဌ ဦးမိုးအောင်က ရပ်ကွက်/ကျေးရွာနေ ပြည်သူများ လက်ဝယ် အရောက် ဆီစာအုပ်များ ဖြန့်ဖြူးနိုင်ရေး၊ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့် စာအုပ်ဖြင့် ရောင်းချ ခြင်းအား ရာနှုန်းပြည့် ဆောင်ရွက်ကြစေရေးဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

EYDNS(DOCA ဧရာဝတီ)