မအူပင် စားအုန်းဆီလက်ကားကိုယ်စားလှယ်နှင့် တွေ့ဆုံ၍ ဆီရောင်းချဖြန့်ခွဲမှုများအား ဆွေးနွေးခြင်း

Powered by Drupal

         မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူးနှင့် မအူပင်ခရိုင် စားအုန်းဆီလက်ကားကိုယ်စားလှဘ် ၂ဦး နှင့် ခရိုင်ဦးစီးမှူးရုံးတွင် တွေ့ဆုံ၍ စားအုန်းဆီ ဖြန့်ဝေရောင်းချမှုနှင့် စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

        မအူပင်ခရိုင် စားအုန်းဆီလက်ကားကိုယ်စားလှယ် ဦးသက်ဦး၊ ဦးဝေလင်း နှင့် မအူပင်ခရိုင်ဒုခရိုင်ဦးစီးမှူးတို့သည် ၃၀-၁၀-၂၀၂၅ ရက်နေ့ နံနက် ၁၁နာရီအချိန်က တွေ့ဆုံခဲ့ကြပြီး မအူပင်ခရိုင်အတွက် ရရှိသော စားအုန်းဆီရောင်းချမှုပေပါ၊ လုပ်ငန်းသုံးဆီခွဲတမ်းရရှိမှုများကို စနစ်တကျစီစစ်ဆောင်ရွက်ပြီး သတ်မှတ်နေရာများသို့ အမှန်တကယ်ရောက်ရှိရေး ဆောင်ရွက်ရန်၊ သာရေး၊ နာရေးဆီများ၊ ဝန်ထမ်းဌာနဆိုင်ရာဆီများ၊ ရပ်ကွက်ပြည်သူများ သီးသန့်ရောင်းချသောဆီများကိုလည်း စာရင်းဖြည့်သွင်းပြီး စီးဆင်းမှု အမှန်တကယ်စာရင်းများရှိပါက ကွာခြားချက်များ ဖြစ်ပေါ်မည်မဟုတ်ပဲ၊ သက်ဆိုင်ရာများမှ လာရောက်စစ်ဆေးသည့်အခါ အမှန်တကယ်ဆောင်ရွက်ထားရှိမှု စာရင်းများ ပြသနိုင်ပါက အလေအလွင့်မရှိပဲ အလွဲသုံးစားပြုမှု မရှိနိုင်ကြောင်း၊ စတင်ထုတ်ယူခြင်းမှ တဆင့် စတင်ခွဲဝေမှုပေပါ၊ ပိဿာ၊ ခွဲဈေပေးသည့် ခေါင်းစဉ်အမှန်များကို စာရင်းပြုစုထားရန် အဓိကဖြစ်ကြောင်း၊ နှုတ်တစ်ရာ စာတစ်လုံးဖြစ်၍ ပေါ့ဆမှု မရှိစေရန်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှလည်း နည်းမှန်လမ်းမှန်ဖြင့် ပြည်သူများ လက်ဝယ်ရောက်ရှိရေး၊ မှန် ၆ မှန်ဖြင့် စားအုန်းဆီဖြန့်ဖြူးမှု မှတ်တမ်းဖြင့် ဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း နွေးဆွေးအသိပညာပေးခဲ့သည်ဟု သိရသည်။

DOCA(ဧရာဝတီ)