ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သော စက်မှုလုပ်ငန်းသုံးစားအုန်းဆီဖြန့်ဖြူးခြင်းဆိုင်ရာ မူဝါဒလမ်းညွှန်ချက်များနှင့် စပ်လျဉ်းသည့် ရှင်းလင်းဆွေးနွေးပွဲအား တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှတက်ရောက်ခြင်း

Powered by Drupal

         ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့၊ နေ့လယ်  (၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သော စက်မှုလုပ်ငန်းသုံးစားအုန်းဆီဖြန့်ဖြူးခြင်းဆိုင်ရာ မူဝါဒ လမ်းညွှန်ချက်နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲအား တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ Virtual စနစ်ဖြင့် တက်‌ရောက်ခဲ့ပါသည်။

    အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများမှ ရှင်းလင်းဆွေး နွေးခြင်း၊ တက်ရောက်ကြသော တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးမှ ဆွေးနွေးခြင်းနှင့် ညွှန်ကြား‌ရေးမှူးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးအား ပြီးမြောက်ကြောင်း သိရှိရပါသည်။

 

DOCA(တနင်္သာရီ)