
အင်ဒိုနီးရှားနိုင်ငံသမ္မတ Prabowo Subianto သည် နိုဝင်ဘာလ ၆ ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံ၏ Lotte Chemical မှ ဆောက်လုပ်ခဲ့သော အမေရိကန်ဒေါ်လာ ၄ ဘီလီယံ ခန့်တန်ကြေးရှိသော ရေနံဓာတုပစ္စည်းထုတ်လုပ်သည့် စက်ရုံဖွင့်ပွဲအား ကျင်းပပြုလုပ်ခဲ့ကြောင်း နှင့် အဆိုပါစက်ရုံသည် တစ်နှစ်လျှင် အီတလင်းတန်ချိန် ၁ သန်း မက်ထရစ်တန်ချိန်ခန့် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါစက်ရုံသည် စီးပွားရေးဆိုင်ရာ လည်ပတ်မှုများကို အောက်တိုဘာလတွင် စတင်ခဲ့ပြီး အဆိုပါစက်ရုံသည် နှစ် ၃၀ အတွင်းဆောက်လုပ်ခဲ့သည့် ပထမဆုံး naphtha cracker စက်ရုံဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ စွမ်းအင်နှင့်သတ္ထုအရင်းအမြစ် ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရပါသည်။ Prabowo သည် ဖွင့်ပွဲအခမ်းအနားတွင် အစိုးရအနေဖြင့် အင်ဒိုနီးရှားနိုင်ငံရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ထောက်ပံ့ပေးခြင်းအားဖြင့် နှစ်ဦးနှစ်ဖက်အကျိုးရလဒ်များရရှိစေရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရပါသည်။ Cilegon မြို့တွင်တည်ရှိသော Lotte စက်ရုံမှထုတ်လုပ်ခြင်းသည် အင်ဒိုနီးရှားနိုင်ငံ၏ အီတလင်းတင်သွင်းမှု ၉၀ ရာခိုင်နှုန်းကိုလျော့ချနိုင်စေရန်နှင့် အဆိုပါကုမ္ပဏီသည် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုကို ဆက်လက်တိုးချဲ့မည်ဖြစ်ကြောင်း Lotte Group ၏ ဥက္ကဌဆိုသူ Shin Dong-Bin ကဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Source: The Edge Malaysia
DOCA (ရန်ကုန်)
