
အမေရိကန်နိုင်ငံမှ တရုတ်နိုင်ငံသို့ ပြောင်းနှံစားပင်ပို့ဆောင်မှုသည် ယခင်အပတ်မှ စတင်၍ လုပ်ဆောင်နေပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံကောက်ပဲသီးနှံနှင့် ဇီဝထုတ်ကုန်ကောင်စီမှ ဥက္ကဌဆိုသူ Mark Wilson က နိုဝင်ဘာလ ၆ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ ပထမဆုံး ကုန်ပစ္စည်းပို့ဆောင်မှုသည် နှစ်နိုင်ငံခေါင်းဆောင်များ၏ ဆွေးနွေးပွဲအပြီးတွင် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရပါသည်။ အမေရိကန်နိုင်ငံလယ်သမားအတွက် ထိပ်သီးစျေးကွက်ဖြစ်ပြီး အမေရိကန် ပြောင်းနှံစားပင်ဝယ်ယူမှု၏ အကြီးမားဆုံးဝယ်ယူသည့် တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံမှ ထွက်ရှိသောစိုက်ပျိုးရေးထွက်ကုန်များကို ကုန်သွယ်ရေးစစ်ပွဲအတွင်းတွင် ရှောင်ရှားမှုများပြုလုပ်ခဲ့ပြီး အစည်းအဝေးအပြီးတွင် ကုန်သွယ်မှုများပြန်လည်ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ Beijing သည် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် အကောက်ခွန်များကို ၁၅ ရာခိုင်နှုန်းကောက်ခံသွားမည်ဖြစ်ကြောင်းနှင့် အမေရိကန်နိုင်ငံ ပြောင်းနှံစားပင်များအပေါ်အခွန်ကောက်ခွန်မှု ၁၀ ရာခိုင် နှုန်းကို ပယ်ဖျက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ သို့ရာတွင် တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံမှကုန်ပစ္စည်းများအပေါ် အခွန်ထပ်ပေါင်း ၁၀ ရာခိုင်နှုန်းကောက်ခံမှုကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
Source: The Edge Malaysia
DOCA (ရန်ကုန်)
