
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များ၌ ဆေးနှင့်ဆေးပစ္စည်းများအား လက်ကားဈေးအပေါ်ပိုမို အမြတ်တင်ရောင်းချနေခြင်းရှိ/မရှိ သာယာ ဝတီခရိုင်၊စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံများအနေဖြင့် အပတ်စဉ်အင်္ဂါနေ့တိုင်း ဆေးဝါး အမျိုးအစားအလိုက် ရောင်းချသည့်အရေအတွက်၊ ဈေးနှုန်းဖြစ်ပေါ်မှု(အတက်/အကျ)၊ ပစ္စည်း ပြတ်လပ်မှုရှိ/မရှိနှင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်မှုအခြေအနေများအား ဆေးနှင့် ဆေး ပစ္စည်းအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိရာ အမျိုးအစားတူ အာနိသင် တူညီသည့် ဆေးဝါးအမယ်များ ဝယ်ယူရရှိနေသည့်အတွက် ဆေးဝါးပြတ်လပ်မှုမရှိပါ ကြောင်းနှင့် ဆေးဈေးနှုန်းများအနေဖြင့် သိသာစွာမြင့်တက်မှုမရှိပါကြောင်း ကွင်းဆင်းစစ်ဆေး တွေ့ရှိရပါသည်။
DOCA(ပဲခူး)
