နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိသော တို့ဟူးခြောက်နှင့်တို့ဟူးစိမ်း

Powered by Drupal

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ကန့်ဘလူမြို့နယ်တွင် မိသားစုစားဝတ်နေရေး အတွက်အပိုဝင်ငွေရရှိရန် ကုလားပဲကို အမှုန့်ကြိတ်၍ တို့ဟူးစိမ်းနှင့် တို့ဟူးခြောက်များပြုလုပ်ပြီး ကန့်ဘလူမြို့မဈေးတွင် နေ့စဉ်ရောင်းချလျှက်ရှိကြောင်း သိရသည်။

           ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်အတွင်း တို့ဟူးစိမ်းဈေးနှုန်းများမှာ လက်လီ(၁)ပိဿာ လျှင် (၅၅၀၀)ကျပ်၊ လက်ကား(၁)ပိဿာလျှင်(၅၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၅၅၀)ကျပ်နှင့်တို့ ဟူးခြောက်(၁)ထုပ်လျှင် (၁၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်အောက် တိုဘာလ၏ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း တို့ဟူးစိမ်း(၁)ပိဿာလျှင် (၅၀၀)ကျပ် ဈေးနှုန်းမြင့်တက်လာကြောင်း တို့ဟူးစိမ်းကို အသုတ်ဆိုင်များ၊ တို့ဟူးခြောက်ကို စားသုံးသူများနှင့် စားသောက်ဆိုင်များက ဝယ်ယူအသုံးပြုသည့်အတွက် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA (စစ်ကိုင်း)