မုံရွာမြို့တွင် ရောင်းချနေသော ဂျပန်ပျားလိမ္မော်သီးနှင့် ကဗလာသီးဈေးနှုန်း

Powered by Drupal

  စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်းတွင် ဂျပန်ပျားလိမ္မော်သီးနှင့် ကဗလာသီးများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ဂျပန်ပျားလိမ္မော်သီးနှင့် ကဗလာသီးတို့ သည် အေး၍စိုစွတ်သော ရာသီဥတုကို ကြိုက်နှစ်သက်သဖြင့် အေးမြသော ရာသီဥတုရှိသည့် ရှမ်းပြည်နယ်တွင် အများဆုံးဖြစ်ထွန်းသော သီးနှံဖြစ်ကြောင်း သိရှိရပါ သည်။

          ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ ပထမအပတ်အတွင်း မုံရွာမြို့ ချင်းတွင်းရတနာဈေးရှိ  သစ်သီးဆိုင်များတွင် ဂျပန်ပျားလိမ္မော်သီးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ် ၊  ကဗလာသီး ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၆၀၀၀) ကျပ် နှုန်းဖြင့်  ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက် နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)