
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ပန်းဈေးကွက်၌ နှင်းဆီပန်း၊ နှင်းပန်း၊ ဂန္ဓမာပန်း၊ သပြေပန်း၊ အာစီယံသပြေ၊ စံပါယ်ပန်း၊ ဇွန်ပန်း၊ ပန်းထိမ်ငိုပန်းစသည့် ပန်းမျိုးစုံရောင်းချ လျက်ရှိကြောင်း၊ ဒေသခံပြည်သူများကလည်း ဘုရားပန်းကပ်လှူရန်၊ ပန်းအလှဆင်ရန်နှင့် အမျိုး သမီးများအလှပန်ဆင်ရန် နေ့စဉ်ဝယ်ယူအသုံးပြုလျက်ရှိကြောင်း သိရသည်။
ကန့်ဘလူမြို့ပန်းဈေးကွက်၌ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်အတွင်း ပြင်ဦးလွင်ဒေသ ထွက်ဂန္ဓမာပန်း(၁)စီးလျှင်(၅၀၀၀)ကျပ်၊ ဒေသထွက်ဂန္ဓမာပန်း(၁)စီးလျှင်(၃၀၀၀)ကျပ်၊ပန်းထိမ်ငိုပန်းအသေး(၁)စီးလျှင်(၁၀၀၀)ကျပ်၊ပန်းထိမ်ငိုပန်းကြီး(၁)စီးလျှင်(၁၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိရာယခင်အောက်တိုဘာလ ၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ပန်းထိမ်းငိုပန်း(၁)စီးလျှင် (၅၀၀)ကျပ်ဈေးနှုန်းမြင့်တက်လာကြောင်း ပန်းရောင်းချသူများထံမှ သိရှိရပါသည်။
DOCA (စစ်ကိုင်း)
