
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ မြို့ပတ်ဝန်းကျင်ရှိ ဥယျာဉ်၊ ပန်းတော်ပြင်၊ မယ်ဇလီတော၊ ညောင်ပင်သာ၊ ရွာတော်စသည့် ကျေးရွာများမှထွက်ရှိသည့် သကြားပြောင်းနှင့် ပြောင်းစီးများသည် နိုဝင်ဘာလ(ပထမပတ်)မှ စတင်၍ ဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(ပထမပတ်)တွင် သကြားပြောင်း(၄)ဖူးလျှင် ကျပ်(၁၀၀၀)၊ ပြောင်းစီး (၇)ဖူးလျှင် ကျပ်(၁၀၀၀)ဖြင့် ရောင်းချလျက်ရှိပြီး ယခင်စက်တင်ဘာလ (စတုတ္ထပတ်)တွင် သကြား ပြောင်း(၄)ဖူးလျှင် ကျပ်(၁၅၀၀)၊ ပြောင်းစီး(၇)ဖူးလျှင် ကျပ်(၁၆၀၀)ဖြင့် ရောင်းချခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် သကြားပြောင်း ကျပ်(၅၀၀)၊ ပြောင်းစီး ကျပ်(၆၀၀) ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ မင်းလှမြို့နယ်အတွင်း၌ ဒေသတွင်းပြောင်းစိုက်ခင်းများ အပြိုင် အဆိုင်ထွက်ရှိလာသည့် အတွက် ဈေးနှုန်းမှာကျဆင်းလာခြင်းဖြစ်ကြောင်း၊ ဈေးချိုသည့် အတွက် ဈေးကွက်အတွင်း၌ အရောင်းအဝယ်မှာလည်း သွက်လျက်ရှိကြောင်း သိရှိရသည်။
DOCA(မကွေး)
