
လယ်ယာထွက်ကုန်ပစ္စည်းများနှင့် ကုန်စိမ်းများ လှိုင်လှိုင်ပေါသည့် ဒေသထဲတွင် ပါဝင်သော ရှမ်းပြည်နယ်ရှိမြို့တော် တောင်ကြီးဒေသတစ်ဝိုက်နှင့် အောင်ပန်း ၊ အင်းလေး ၊ ရွာငံ ၊ ဟဲဟိုး ၊ ဟိုပုန်းမြို့ များတွင် ဒေသထွက်သစ်သီးဝလံသီးများ ထွက်ရှိသော သစ်သီးဝလံများထဲမှ ဒေသ ထွက်လိမ္မော်သီးများစတင်၍ဈေးကွက်အတွင်းရောင်းချလျက်ရှိသည်။
ရှမ်းပြည်နယ်မြို့တော်ဖြစ်သော တောင်ကြီးမြို့ ၊အရှေ့မြို့ပတ်လမ်း၊ ရေအေးကွင်းရပ် ၊အမှတ် ( ၅ ) ဈေးတွင် ရှမ်းပြည်ဒေသတွင်း စိုက်ပျိုးသီးနှံ အစားအစာများထဲမှ “လိမ္မော်သီး” ဈေးကွက်မှာ ဒေသထွက်ကုန်ဖြစ်သည့်အလျှောက် စတင်ပေါများလျက်ရှိသည်။ ထို့ကြောင့်ရှမ်းပြည် ၏ ၅ ရက် ၁ ဈေးကို သွားရောက်လေ့လာရင်း ဒေသခံဈေးရောင်သူတစ်ဦးနှင့်တောင်ကြီးဒေသထွက်လိမ္မော်သီး ဈေးကွက် အကြောင်းမေးမြန်းခဲ့ပါသည်။
ဒေသလိမ္မော်သီးမျာမှာအရွယ်အစားမကြီးသော်လည်းသဘာဝဖြစ်သောကြောင့်ပို လတ်ဆတ် ကာ ချိုချိုချဉ်ချဉ်အရသာလေး၍ ပို စားကောင်း သည် ဟုဒေသထွက်လိမ္မော်သီးများ ရောင်းချသူ တစ်ဦးမှရှင်းပြချက်အရသိရှိခဲ့ရပါသည်။ ထို့ကြောင့်ဒေသထွက်ဖြစ်သော လိမ္မော်သီးများပိုမိုအရောင်း သွက်လျက်ရှိကြောင်း သိရှိရသည်။
ထိုလိမ္မော်သီးများကို အကြီး ၁လုံး လျှင် ၆၀၀ ကျပ် မှ ၅၀၀ ကျပ် ဖြစ်ပြီး ဆယ်လုံး ၆၀၀၀ ကျပ် လျှင် အကြီးအသေးအလတ်ဆိုဒ်စုံ ၄၀၀ ကျပ်မှ ၃၅၀ကျပ်ထိပါပေါက်ပြီး လက်ကားဈေးမှာ ၅၀ လုံးမှစ ၃၀၀၀ ကျပ် မှ ၄၀၀၀ ကျပ် အထိ အရောင်းသွက်လှျက်ရှိပြီး အချို့နေရာဒေသ ပေါ်မူတည်၍သစ်သီးခြင်း(သို့မဟုတ်)ပီနံအိတ်များဖြင့်လည်းရောင်းချလျက်ရှိကြောင်းလိမ္မော်သီးများ ရောင်းချသူထံမှ သိရှိခဲ့ရပါသည်။
DOCA(ရှမ်း)
