
မလေးရှားနိုင်ငံရှိ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၏ ရောင်းအားသည် ၂၀၂၅ ခုနှစ် တတိယ သုံးလပတ်တွင် ရမ်းဂစ် ၅၀၀.၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၁၉.၇ ဘီလီယံခန့်) ရောက်ရှိခဲ့ရာ ၃.၅ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း နိုဝင်ဘာလ ၈ ရက်နေ့ ထုတ်ပြန်သော တရားဝင်အချက် အလက်များအရ သိရှိရပါသည်။
မလေးရှားစာရင်းအင်းဌာနက ထုတ်ပြန်သော အဆိုပါတိုးတက်မှုသည် အဓိကအားဖြင့် အစား အသောက်၊ အဖျော်ယမကာနှင့် ဆေးရွက်ကြီးလုပ်ငန်းများ ၉.၂ ရာခိုင်နှုန်းနှင့် လျှပ်စစ်နှင့် အီလက်ထရောနစ်ပစ္စည်းလုပ်ငန်းများ ၅.၆ ရာခိုင်နှုန်း ကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။
ဝန်ထမ်းဦးရေ ၁ ရာခိုင်နှုန်းနှင့် လစာနှင့် လုပ်အားခများလည်း ၂ ရာခိုင်နှုန်း တိုးလာခဲ့ပါ သည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ မှ စက်တင်ဘာလအထိ ကုန်ထုတ်လုပ်မှုလုပ်ငန်းသည် ရမ်းဂစ် ၁.၅ ထရီလီယံ ရရှိခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၃.၆ ရာခိုင်နှုန်း တိုးလာခဲ့ပါသည်။
စက်တင်ဘာလတွင် မလေးရှားနိုင်ငံ၏ ကုန်ထုတ်လုပ်မှုလုပ်ငန်း ရောင်းအားသည် ၄.၃ ရာခိုင်နှုန်းတိုးတက်ကာ ရမ်းဂစ် ၁၆၉.၃ ဘီလီယံ သို့ တိုးတက်လာခဲ့ပါသည်။ ကုန်ထုတ်လုပ်မှု လုပ်ငန်း ရောင်းအားတိုးတက်လာရခြင်း၏ အဓိက အကြောင်းအရင်းမှာ စက်တင်ဘာလတွင် ၉.၁ ရာခိုင်နှုန်း တိုးတက်လာခဲ့သည့် အစားအသောက်၊ အဖျော်ယမကာနှင့် ဆေးရွက်ကြီးလုပ်ငန်းတို့ ကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)
