ဓာတ်မတည့်မှုများကြောင့် စင်္ကာပူနိုင်ငံမှတင်ပို့သောစပျစ်သီးခြောက်များကို ပြန်လည်သိမ်းဆည်း

Powered by Drupal

စင်္ကာပူအစားအစာအေဂျင်စီ (SFA) သည် စားသုံးသူများအား ဓာတ်မတည့်မှုဖြစ်ပေါ်စေ သည့် ဆာလဖာဒိုင်အောက်ဆိုဒ်အား တင်ပို့သော စပျစ်သီးများတွင်တွေ့ရှိပြီးနောက် ထုပ်ပိုးမှုတွင် ကြေညာ ထားခြင်းမရှိသော Ohm အမှတ်တံဆိပ်စပျစ်သီးခြောက်များကို ပြန်လည်သိမ်းဆည်းရန် အမိန့်ပေးခဲ့ သည်။

အေဂျင်စီက တင်သွင်းသူအား ထိခိုက်နစ်နာစေသော ထုတ်ကုန်များကို ပြန်လည် သိမ်း ဆည်းရန် ညွှန်ကြားထားပြီး ပြန်လည်သိမ်းဆည်းမှုကို လက်ရှိတွင် ဆက်လက်လုပ်ဆောင် နေကြောင်း အောက်တိုဘာလ ၆ ရက်နေ့ထုတ် ကြေညာချက်တွင် ဖော်ပြထားသည်။

အစားအသောက်များတွင် ဆာလဖာဒိုင်အောက်ဆိုဒ် လွန်ကဲစွာပါဝင်မှုသည် ရောင်ရမ်း ခြင်း၊ ယားယံခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်းနှင့် အော့အန်ခြင်း စသည့်လက္ခဏာများနှင့်အတူ ထိခိုက် လွယ်သူများအတွက် ဓာတ်မတည့်မှုကို ဖြစ်‌‌ပေါ်စေနိုင်ကြောင်းသိရသည်။

စင်္ကာပူနိုင်ငံ၏ အစားအသောက်စည်းမျဉ်းများအောက်တွင် ပါဝင်ပစ္စည်းများကို အစား အသောက် ထုပ်ပိုးခြင်းတံဆိပ်များတွင် ရှင်းလင်းစွာကြေငြာရမည်ဖြစ်သည်။ SFA သည် စပျစ်သီး ခြောက်များကို ဝယ်ယူပြီးသူများအားလည်း ဆာလ်ဖိုက်များနှင့် ဓာတ်မတည့်ခြင်းကြောင့်  စားသုံး ခြင်းမှ ရှောင်ကြဉ်ရန် အကြံပြုထားသည်။

 DOCA(ရန်ကုန်)