
တရုတ်နိုင်ငံသည် နှစ်မျိုးသုံးပစ္စည်းများနှင့်ဆက်စပ်နေသော ဂယ်လီယမ်၊ ဂျာမနီယမ်နှင့် ခနောက်စိမ်းများ အမေရိကန်နိုင်ငံသို့တင်ပို့မှုအား ရပ်ဆိုင်းလိုက်ကြောင်း နိုဝင်ဘာလ ၉ ရက်နေ့ တွင်ထုထ်ပြန်သော တရုတ်နိုင်ငံစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန် ချက်အရ သိရပါသည်။
အဆိုပါရပ်ဆိုင်းခြင်းသည် ယခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့မှစတင်၍ ၂၀၂၇ခုနှစ်၊ နိုဝင်ဘာလအထိ အကျိုးသက်ရောက်မည်ဖြစ်ကြောင်း ၎င်းဝန်ကြီးဌာန၏ ထုတ်ပြန် ချက်တွင် ပါရှိပါသည်။ ဝန်ကြီးဌာနသည် ကြေညာမှုကို ၂၀၂၄ ခုနှစ်တွင်ကြေညာခဲ့ပြီး ကြေညာ ချက်နှင့်အတူ အသုံးပြုသူများနှင့် အသုံးပြုသူများ၏ ရည်ရွယ်ချက်များ ကန့်သတ်ရန်အတွက် အမေရိကန်နိုင်ငံ တွင်အသုံးပြုသော နှစ်မျိုးသုံးနိုင်သည့် ဂရက်ဖိုက်တင်ပို့မှုကိုလည်း ရပ်ဆိုင်းလိုက် ကြောင်း သိရပါသည်။
တရုတ်နိုင်ငံသည် နိုဝင်ဘာလ ၇ ရက်နေ့တွင် လီသီယမ်ဘက်ထရီနှင့် မြှေရှားသတ္ထုတင်သွင်းမှု ထိန်းချုပ်မှု အပါအဝင် တစ်ခြားသော ကုန်ပစ္စည်းများ တိုးချဲ့ကန့်သတ် ခြင်းကိုလည်း ရပ်ဆိုင်းလိုက်ကြောင်း သိရပါသည်။ အမေရိကန်သမ္မတ Donald Trump နှင့် တရုတ်နိုင်ငံသမ္မတ Xi Jinping တို့သည် အစောပိုင်းတွင်ကုန်သွယ်ခွန်များလျော့ချရန်သဘော တူညီခဲ့ကြသော်လည်း တစ်ခြားသောကုန်သွယ်ရေးပမာဏများကို တစ်နှစ်ကြာရပ်ဆိုင်းလိုက် ကြောင်း သိရပါသည်။
DOCA (ရန်ကုန်)
