လှိုင်သာယာမြို့နယ်တွင်း အွန်လိုင်းမှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် (၇.၁၁.၂၀၂၅) ရက်နေ့တွင် လှိုင်သာယာမြို့နယ်ရှိ “နတ်သုဒ္ဓါ” ၊ “YOMA NOMINEE LIMITED” ၊ “ဝင်းပြည့်သျှန်” ၊ “Glowbi အလှကုန်ဂျပန်တိုက်ရိုက်လုပ်ငန်း” နှင့် ဒီမိုးမတ်လူသုံးကုန်ပစ္စည်းဆိုင်” အမည်ရှိ Online မှတ်ပုံတင်ထားရှိသည့်လုပ်ငန်းအား မြေပြင် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံ တင်ထား ရှိသည့်အချက်အလက်များ မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုရှိ/မရှိနှင့် အခြားလိုအပ် သည့်အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိ/မရှိ၊ လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်းရှိ/ မရှိနှင့် ရောင်းချရန် တင်ပြထားသော ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုအမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ်ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/မရှိတို့အား အချက် (၁၈) ချက်နှင့်အညီ စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

 DOCA (ရန်ကုန်)