
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်မှ ၉ ရက်အထိ ကျင်းပခဲ့သော The Rice Trader (TRT) ကမ္ဘာ့ဆန်ညီလာခံတွင် ကမ္ဘောဒီးယားနိုင်ငံမှ Malys Angkor သည် ၂၀၂၅ ခုနှစ်၏ ကမ္ဘာ့အကောင်းဆုံးဆန်ဆုကို ရရှိခဲ့သည်။ ယခင် ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၈၊ ၂၀၂၂ နှင့် ၂၀၂၄ တို့တွင် ရရှိခဲ့ပြီးနောက် ကမ္ဘောဒီးယားဆန်သည် ဤဂုဏ်သိက္ခာရှိသော နိုင်ငံတကာဆုကို ခုနစ်ကြိမ်မြောက် ရရှိခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ဆန်ညီလာခံသည် ဆန်လုပ်ငန်းနှင့်ထုတ်လုပ်မှု၊ ကုန်သွယ်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး နှင့် စားသုံးမှုတို့တွင် ပါဝင်ပတ်သက်သော အကျိုးတူပါဝင်သူများကို စုစည်းပေးသည့် နှစ်စဉ် ကမ္ဘာလုံးဆိုင်ရာပွဲတစ်ခုဖြစ်သည်။ ကမ္ဘောဒီးယားဆန်စပါးအဖွဲ့ချုပ် (CRF) မှ အစီရင်ခံစာ တစ်ခုအရ ၂၀၂၅ ခုနှစ် ပထမ (၉) လအတွင်း နိုင်ငံတော်သည် ဆန်တန်ချိန် ၅၉၆,၃၄၁ တန် တင်ပို့ခဲ့ပြီး ယမန်နှစ်ကာလတူတွင် တန်ချိန် ၄၄၅,၉၁၃ တန် တင်ပို့ခဲ့ပြီး ၃၃.၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း တင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၀၈ သန်း ရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် မှတ်တမ်းတင်ထားသော အမေရိကန်ဒေါ်လာ ၃၃၅ သန်းမှ ၂၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။
DOCA(ရန်ကုန်)
