
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့၊ နံနက်(၀၇:၀၀)အချိန်တွင် ကယားပြည်နယ် စားသုံး သူရေးရာဦးစီးဌာနသည် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးရှိ အသား/ငါးရောင်းချနေသည့် အရောင်းဆိုင်များတွင် အသား/ငါးများ သန့်ရှင်းလတ်ဆတ်မှု ရှိ/မရှိ အလေးချိန်မှန်ကန်မှု ရှိ/မရှိ၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချမှု ရှိ/မရှိ တို့ကို ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။
ထိုသို့ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် အသား/ငါး ရောင်းချနေသည့် အရောင်းဆိုင်များတွင် အသားငါးများ သန့်ရှင်းလတ်ဆတ်မှုရှိပါကြောင်း၊ အလေးချိန် မှန်ကန်မှု ရှိ/မရှိနှင့်ပတ်သက်၍ စစ်ဆေးရာတွင် ရောင်းချနေသော အသား/ငါးများ အလေးချိန် မှန်ကန်မှုရှိပါကြောင်းနှင့် အသား/ငါးများ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချမှု ရှိ/မရှိနှင့် ပတ်သက်၍စစ်ဆေးရာတွင် ကြက်သား(အမာ) တစ်ပိဿာလျှင် ၂၄၀၀၀/-ကျပ်၊ ကြက်သား (အပျော့) တစ်ပိဿာလျှင် ၂၄၀၀၀/-ကျပ်၊ ကြက်သား(ဒေသ)တစ်ပိဿာလျှင် ၃၅၀၀၀/-ကျပ်၊ ဝက်သား တစ်ပိဿာလျှင် ၃၅၀၀၀/-ကျပ်၊ အမဲသားတစ်ပိဿာလျှင် ၃၅၀၀၀/-ကျပ်၊ ဆိတ်သား တစ်ပိဿာလျှင် ၅၀၀၀၀/-ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ၂၂၀၀၀/-ကျပ်၊ ငါးကြင်း(ဖြူ) တစ်ပိဿာလျှင် ၃၂၀၀၀/-ကျပ်၊ ငါးရံ့တစ်ပိဿာလျှင် ၂၈၀၀၀/-ကျပ်၊ ငါးခူတစ်ပိဿာလျှင် ၂၀၀၀၀/-ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်းသိရှိရပါသည်။
အသား/ငါးဈေးနှုန်းများသည် ယခင်အပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ကြည့်လျှင် ဈေးနှုန်း တည်ငြိမ်လျက်ရှိပြီး ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်းဖြင့် အများပြည်သူ အတွက် အလေးချိန်မှန်ကန်စွာဖြင့် သန့်ရှင်းလတ်ဆတ်သော အသား/ငါးများ ဝယ်ယူစားသုံး နိုင်ခြင်းနှင့် ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းထက် အဆမတန်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မဖြစ်ပေါ်စေရန်တားဆီးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ကြောင်း သုံးသပ်မိပါ သည်။
DOCA(ကယား)
