
အာတာလွတ်ဥပင်သည် ယနေ့အချိန်အခါတွင် ဈေးကောင်းရရှိပြီး တောင်သူများအတွက် အကျိုး ဖြစ်ထွန်းသော သီးနှံတစ်မျိုးဖြစ်ပါသည်။ အာတာလွတ်ပင်သည် အကြမ်းခံရုံသာမက စိုက်ပျိုးစဉ်ကာလတစ်လျှောက်တွင် အခြားသောသီးနှံများကဲ့သို့ အသေးစိတ်ဂရုစိုက်စရာမလိုအပ်ပေ၊နေရာဒေသမရွေး စိုက်ပျိုးကျရသော သီးနှံဖြစ်ပါသည်။ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင်ပျမ်းမျှပိဿာ (၃၀၀၀) ကျော်ထိထွက်ရှိပါသည်။ ယခုအချိန်အခါတွင် ပြည်မြို့အတွင်းရှိ ဈေးကွက်များတွင် အာတာလွတ် (ခေါ်) ဝါးဥများဝင်ရောက် ရောင်းချလျက်ရှိနေပြီ ဖြစ်ပါသည်။၎င်းအာတာလွတ်(ခေါ်)ဝါးဥများကို ရွှေတောင်မြို့ နှင့်အနီးတဝိုက်ရှိ ကျေးရွာများတွင် စိုက်ပျိုးကြပြီး ထွက်ရှိလာသော အာတာလွတ် (ခေါ်)ဝါးဥကိုရွှေတောင်မြို့ရှိဈေးကွက်များနှင့် ပြည်မြို့နယ်အတွင်းရှိဈေးကွက်များတွင်ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ပြည်မြို့နယ်အတွင်းရှိဈေးကွက်များတွင် ရောင်းချလျက်ရှိသော အာတာလွတ် (ခေါ်) ဝါးဥကို တစ်ပိဿာလျှင် (၄၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။
DOCA (ပဲခူး)
