နတ်တလင်းမြို့နယ်အေးငြိမ်းသာမြို့သစ်မူလတန်းကျောင်း၌ စားသုံးသူအသိပညာပေးဟောပြော

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် အေးငြိမ်းသာမြို့သစ် မူလတန်း ကျောင်း၌ (.၁.၂၀၂၅)ရက်နေ့ နေ့လယ် (၁း၀၀)နာရီတွင် စားသုံးသူရေးရာ ဦးစီးဌာန ဝန်ထမ်းများနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် ပူပေါင်း၍ အသိပညာပေး ဟောပြောဆွေးနွေးခြင်းပြုလုပ်ခဲ့ပါသည်။

          ထိုသို့ ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်အေးအေးဆွေ မှစားသုံးသူကွယ်ရေး ဥပဒေပါစားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ နစ်နာဆုံးရှုံးမှုများ ရှိပါကတိုင်ကြား နိုင်သည့်နည်းလမ်းများ၊ ကုန်ညွှန်းအမှတ်အသား ဖေါ်ပြခြင်းနှင့် ပတ်သက်၍ ဆွေနွေးဟောပြော ခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ ဆက်ဆံရေးဦးစီးဌာန  ဦးစီးအရာရှိ ဒေါ်ခင်သူဇာဝင်းက လူငယ်ရေးရာအသိပညာပေး ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး နံရပ်ကပ်စာဆောင် များဖြင့်လည်းရှင်လင်းပြသခဲ့ရာ ဆရာ/ဆရာမ နှင့် ကျောင်းသား ကျောင်းသူ (၁၀၅)ဦးတက်ရောက်ခဲ့ကြောင်းသိရပါသည်။

DOCA (ပဲခူး)