
စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်း ခရိုင်ဦးစီးမှူး ဦးဆောင်၍ ( ၈.၁၁.၂၀၂၅ ) ရက်နေ့တွင် အောင်မင်္ဂလာရပ်ကွက်အတွင်းတည်ရှိသည့် ဇယမ်းဝင်း အမှတ်တံဆိပ် ထူးထူးရှယ် ရွှေဒင်္ဂါး နှစ်ပြန်ကြော် အလုပ်ရုံအား ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။
ဇယမ်းဝင်း အမှတ်တံဆိပ် ထူးထူးရှယ် ရွှေဒင်္ဂါး နှစ်ပြန်ကြော် ထုပ် ( ၁၀ ) ကျပ်သား၊ ( ၂၅ ) ကျပ်သားနှင့် ( ၁ ) ပိဿာ ထုပ်များပေါ်တွင် “ကုန်အညွှန်အမှတ်အသားဖော်ပြခြင်း” နှင့် ပတ်သက်၍ ပြည့်စုံစွာ ဖော်ပြထားသည်ကို တွေ့ရှိပြီး နှစ်ပြန်ကြော်ထုပ်များတွင် ဖော်ပြထားသည့် အသားတင် အလေးချိန်အား ပြည့်မှီစွာ ချိန်တွယ်ရောင်းချရန်နှင့် သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်းများဆောင်ရွက်ရန်၊ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း ( ၁၀ ) ပါ “ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ ” ကို လိုက်နာဆောင် ရွက် ရန် အသိပညာပေးဆွေးနွေးခဲ့ ကြောင်း သိရှိရ ပါသည်။
DOCA(စစ်ကိုင်း)
