စီးပွားရေးဆိုင်ရာလုံခြုံရေးကို အားကောင်းစေသည့်ဥပဒေကို ပြန်လည်သုံးသပ်ရန် ဝန်ကြီးချုပ် တာကာအိချီဆာနဲက ပြောကြား

Powered by Drupal

    လျင်မြန်သော အပြောင်းအလဲများဖြစ်နေသည့် နိုင်ငံတကာအခြေအနေကို တုံ့ပြန်နိုင်ရေး အတွက် နိုင်ငံ၏စီးပွားရေးဆိုင်ရာလုံခြုံရေးကို အားကောင်းစေရန် ရည်ရွယ်သည့်ဥပဒေကို ပြန်လည်သုံးသပ်ရန် ဂျပန်ဝန်ကြီးချုပ် တာကာအိချီဆာနဲက ပြောကြားခဲ့သည်။

    သက်ဆိုင်ရာအစိုးရအဖွဲ့ဝင် ဝန်ကြီးများအစည်းအဝေးကို အစိုးရက နိုဝင်ဘာ ၇ ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။ နိုင်ငံတကာအခြေအနေများသည် မကြုံစဖူး လျင်မြန်သည့်အရှိန်၊ ရှုပ်ထွေးမှုများနှင့် ပြောင်းလဲလျက်ရှိကြောင်း၊ ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှစကာ ဂျပန်နိုင်ငံသည် ကြမ်းတမ်းရှုပ်ထွေးသည့် လုံခြုံရေးဆိုင်ရာအခြေအနေများနှင့် ဝန်းရံခံနေရကြောင်း တာကာအိချီက အစည်းအဝေးတွင် ပြောကြားခဲ့သည်။

    အစိုးရသည် ပြဿနာအသစ်များကို လျင်မြန်ခိုင်မာသည့် နည်းလမ်းများနှင့် ကိုင်တွယ် ဖြေရှင်းသွားရမည်ဖြစ်ကြောင်း၊ အဓိကအရေးပါသည့် ဓာတ်သတ္တုကဲ့သို့သော ကုန်ပစ္စည်းများရရှိနိုင် ရန် ကုန်စည်ဖြန့်ဖြူးရေး ကွင်းဆက်များ အားကောင်းရန်လိုအပ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

    ဂျပန်ဝန်ကြီးချုပ်က လွန်ခဲ့သည့်သုံးနှစ်က ပြဋ္ဌာန်းခဲ့သည့် စီးပွားရေးဆိုင်ရာ လုံခြုံရေးမြှင့် တင်ရေး ဥပဒေကို ပြန်လည်သုံးသပ်ရန်အတွက် ကျွမ်းကျင်ပညာရှင်များနှင့် စတင်ဆွေးနွေးရန် စီးပွားရေးဆိုင်ရာ လုံခြုံရေးဝန်ကြီး အိုနိုဒါကီမီကိုကို ညွှန်ကြားခဲ့သည်။

    ရည်မှန်းချက်အောင်မြင်ရန် ပညာရှင်အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းရေး အပါအဝင် စနစ်တစ်ခုတည် ထောင်ရန်နှင့် အခြားအစိုးရအဖွဲ့ဝင် ဝန်ကြီးများကိုလည်း အိုနိုဒါနှင့် ညှိနှိုင်းဆွေးနွေးလုပ်ဆောင်ရန် ညွှန်ကြားခဲ့သည်။

    စီးပွားရေးဆိုင်ရာလုံခြုံမှုရှိစေမည့် စီမံကိန်းများကို အစိုးရက ပံ့ပိုးကူညီပေးသွားမည်ဟု မျှော်လင့်ရကြောင်း အဆိုပါစီမံကိန်းများတွင် ပင်လယ်ရေအောက်ဆက်သွယ်ရေး ကေဘဲလ်လိုင်း များ ပါဝင်ကောင်း ပါဝင်နိုင်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

 

Source: အင်န်အိတ်ချ်ကေ                                                   

 DOCA(ပြည်ထောင်စုနယ်မြေ)