ရုရှားနိုင်ငံ၌ ကလေးများအတွက် မိုဘိုင်းဆင်းကတ် တရားဝင်မိတ်ဆက်

Powered by Drupal

    ရုရှားနိုင်ငံသည် ကလေးများအတွက် ရည်ရွယ်ထုတ်လုပ်သည့် မိုဘိုင်းဖုန်းဆင်းကတ်များကို တရားဝင်မိတ်ဆက်ခဲ့ကြောင်း ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဆက်သွယ်ရေးနှင့် လူထုမီဒီယာ ဝန်ကြီး မက်စ်ဆွတ်ရှာဒါယေ့ဗ်က နိုဝင်ဘာ ၅ ရက်တွင် ပြောကြားသည်။ ၎င်းဆင်းကတ်များကို သုံးစွဲခြင်းဖြင့် သုံးစွဲသူကလေးများ၏ တည်နေရာကို မိဘများက အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

     ကလေးများအတွက် ဆင်းကတ်ကို မိဘများ၏ ခွင့်ပြုချက်ဖြင့်သာ သုံးစွဲခွင့်ပြုမည်ဖြစ်ကာ မိဘများအနေဖြင့် ကလေးများ၏ တည်နေရာကို တရားဝင်ခွင့်ပြုချက်မလိုဘဲ စုံစမ်းသိရှိနိုင် မည်ဖြစ်သည်။ သို့ရာတွင် ဆင်းကတ်သုံးစွဲသူ ကလေးများအနေဖြင့် လူမှုမီဒီယာပလက်ဖောင်းများ ကို သုံးစွဲခွင့်ရရှိမည်မဟုတ်ကြောင်း သိရသည်။ နိုင်ငံအတွင်း ဩဂုတ်လမှစတင်၍ ဆောင်ရွက်ခဲ့ သည့် ၎င်းဆင်းကတ်ထုတ်လုပ်ရေး အစီအစဉ်သည် ကလေးများအား အွန်လိုင်းတွင် ဘေးကင်း လုံခြုံမှုရှိစေမည်ဖြစ်ကာ အသက် ၁၄ နှစ်အောက်ရှိသူများအား မသင့်လျော်သည့် အကြောင်းအရာ များ ကြည့်ရှုခွင့်ကို ပိတ်ပင်ထားသည်။

Source: ဆင်ဟွာ                                                               

DOCA(ပြည်ထောင်စုနယ်မြေ)