မြင်းခြံခရိုင်၏ ၂၀၂၅-၂၀၂၆ခုနှစ်၊ မိုးကြက်သွန်နီ စိုက်ပျိုးထားရှိမှုအခြေအနေ

Powered by Drupal

              မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်အတွင်း မိုးကြက်သွန်နီကို စက်တင်ဘာလ၊ အောက်တိုဘာလတို့တွင် စတင်စိုက်ပျိုးကြပြီး၊ ဒီဇင်ဘာလ၊ ဇန်နဝါရီလတို့တွင် ရိတ်သိမ်းထွက်ပေါ် လေ့ရှိပါသည်။ ယခင်နှစ်ကာလတူ မိုးကြက်သွန်နီ စိုက်ဧကမှာ ခရိုင်ချုပ်အနေဖြင့် (၁၅၉၂)ဧက စိုက်ပျိုးခဲ့ပြီး၊ ယခုနှစ်ကာလတူစိုက်ဧကမှာ ခရိုင်ချုပ်အနေဖြင့် လျာထားစိုက်ဧက(၂၂၅၀)ဧကအနက် (၂၆၁၆)ဧက စိုက်ပျိုးထားရှိပြီးဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏စာရင်းများအရ သိရှိရပါသည်။ ယခုနှစ်မြို့နယ်များ အနေဖြင့် မိုးကြက်သွန်နီစိုက်ဧကများမှာ မြင်းခြံမြို့နယ်တွင်(၉၃၉)ဧက တောင်သာမြို့နယ်တွင် (၂၈၀)ဧက၊ နွားထိုးကြီးမြို့နယ်တွင် (၁၃၉၇)ဧက စိုက်ပျိုးထားရှိပြီး ဖြစ်ကြောင်း သိရှိရသည်။ကာလတူနှိုင်းယှဉ်ချက်အရ မိုးကြက်သွန်နီများကို ယခုနှစ်တွင် ယခင်နှစ်ထက် (၁၀၂၄)ဧက ပိုမို စိုက်ပျိုးထားကြောင်းနှင့် ယခုနှစ်လျာထားစိုက်ဧကထက် (၃၆၆)ဧက ပိုမိုစိုက်ပျိုးထားကြောင်း သိရှိရသည်။ ယခင်နှစ် မိုးကြက်သွန်နီ တစ်ပိဿာဈေးနှုန်းများအနေဖြင့် အကြီး(၁၈၀၀-၂၀၀၀)ကျပ်၊ အလတ်(၁၂၀၀-၁၅၀၀)ကျပ်၊ အသေး(၈၀၀-၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ကြက်သွန်နီ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

DOCA (မန္တလေး)