
စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်၊ကုန်စည်များဘေးအန္တရာယ်ကင်းရှင်းပြီးထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် ၁၀.၁၁.၂၀၂၅ ရက်နေ့(၁၄:၀၀)နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်ရှိ Mingalar Myanmar Café&Restaurant လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ အသိပညာပေးဆောင်ရွက်ခဲ့ရာတွင် ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)က လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါစီးပွားရေးလုပ်ငန်းရှင်၏အဓိပ္ပာယ်နှင့် တာဝန်များ၊ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှုအခြေအနေ၊စားသုံးသူများအား လုံလောက်သည့်သတင်းအချက်အလက်များသိရှိစေရန်အတွက် ရောင်းချသည့်စားသောက်ဖွယ်ရာများ၏ အမျိုးအစား၊ အရွယ်အစားများတွင် ဈေးနှုန်းအားဖော်ပြထားရန်နှင့် ဝန်ဆောင်မှုများအပေါ် အသုံးပြုခကောက်ခံမည့် အကြောင်းများအား ကြိုတင်အသိပေးသွားရန်၊စားသုံးသူကာကွယ်ရေးဥပဒေပါစီးပွားရေးလုပ်ငန်းရှင်သည် စားသုံးသူအပေါ်ဝန်ဆောင်မှုပေးခြင်းနှင့် စပ်လျဉ်းသည့်ဖော်ပြရမည့်အာမခံချက်များကိုလိုက်နာဆောင်ရွက်သွားရန်နှင့်စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။
DOCA(ကချင်)
