
စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး ၊စိတ်ကျေနပ်မှု ရရှိစေရေးအတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဖော်ဆောင် ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်လျက် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ရုံးမှ ဒေါ်ဆွမ်လွတ်ဇယ်လမ်း(အကြီးတန်းစာရေး)သည် ၁၀.၁၁.၂၀၂၅ ရက်နေ့ ၁၀:၃၀ နာရီအချိန်တွင် မြစ်ကြီးနား မြို့နယ်၊နောင်နန်းကျေးရွာ၊ အမှတ်(၈)၊ အခြေခံပညာမူလတန်းကျောင်းရှိ ဆရာ/မ၊ ကျောင်းသား / သူ (၆၇)ဦးအားအသိပညာပေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဟောပြောရာတွင် ဒေါ်ဆွမ်လွတ်ဇယ်လမ်း(အကြီးတန်းစာရေး)က စားသုံးသူကာကွယ်ရေး စတင်ပေါ်ပေါက်လာပုံ၊ စားသုံးသူကာကွယ်ရေး နှင့် စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူ အခွင့် အရေး (၈)ချက် နှင့် တာဝန် (၄)ချက်၊ ကုန်စည်/ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက် ပေးခြင်းအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ အချိုရည် သောက်သုံးမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များအကြောင်း၊ အစားအသောက်တွင် သုံးစွဲခွင့်မရှိသော ဆိုးဆေးများ အကြောင်း ၊ ကုန်စည် များကို ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုရှိသော ကုန်စည်များကိုသာ ဝယ်ယူသုံးစွဲရန် ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက်လည်း တိုင်ကြားရန် CICC ရုံးခန်းများကို ဖွင့်လှစ်ထား ရှိမှု၊ ဖြေရှင်းပေးနေမှု အခြေအနေများ၊ Call Center 1535 သို့ တိုက်ရိုက်ခေါ်ဆိုမေးမြန်းတိုင်ကြားနိုင် ပါကြောင်း အသိပညာပေး ဟောပြောခဲ့ပါသည်။
DOCA(ကချင်)
