
မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်း ခရိုင်ဦးစီးမှူးသည် မအးပင်ခရိုင်ရုံးအောက်ရှိ ပန်းတနော်မြို့နယ်တာဝန်ခံရုံးသို့ ရုံးလုပ်ငန်းများ တာဝန်ချဆောင်ရွက်ထားရှိပြီး ပန်းတနော်အနေဖြင့် ရုံးလုပ်ငန်း ဆောင်ရွက်ထားရှိမှု များကို လစဉ်ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိပြီး ၁၀-၁၁-၂၀၂၅ ရက်နေ့တွင် ပန်းတနော်မြို့နယ်တာဝန်ခံရုံးသို့ ခရို်ငဦးစီးမှူးနှင့် အဖွဲ့သည် ဆန်စပါးသိုလှောင်ရုံ မှတ်တမ်းတင်ထားရှိမှုနှင့် သက်တမ်းတိုးဆောင်ရွက်ထားရှိမှုနှင့် ဆန်/စပါး လက်ကျန်အခြေအနေများ ကိုပါ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပန်းတနော်မြို့နယ်အနေဖြင့် MyRo တွင် ဆန်စပါး မှတ်ပုံတင်ထားရှိမှု၊ သက်တမ်းတိုး ဆောင်ရွက်ထားရှိမှုနှင့် စပါး/ဆန် လက်ကျန်စာရင်းပြုစုထားရှိမှု အခြေအနေများကို လစဉ် မအူပင်ခရိုင်ဦးစီးမှူးရုံးသို့ တင်ပြနိုင်ရေးနှင့် မြို့နယ် ငယ်စာရင်း လုပ်ငန်းရျင်တစ်ဦးချင်းစာရင်းများကို ရက်အလိုက် လုပ်ငန်းရှင်များထံ ဆက်သွယ်ဆောင်ရွက်မေးမြန်းနိုင် ရန်နှင့် မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်နိုင်ရန်ကို မှာကြားဆွေးနွေးခဲ့ပြီး ခရိုင်တာဝန်ရှိသူများမှ အခါအားလျော် စွာ စစ်ဆေးသည့်အခါ မြေပြင်ဖြစ်တည်မှုနှင့် ကိုက်ညီမှုရှိစေရေး အမှန်တင်ပြနိုင်ရေးကို မြို့နယ်တာဝန်ခံအား ခရိုင်ဦးစီးမှူးမှ ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။ အောက်တိုဘာ လများထဲတွင် မြေပြင်အမှန်တကယ်သိုလှောင်မှု အခြေအနေများကို အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး စာရင်းများအရ အောက်တိုဘာလ ၃၁ရက် နောက်ဆုံးစာရင်းအရ စပါးအနေဖြင့် တောင်သူ ၄၉၅၅၀၀ တင်း၊ ဆန် ၂၉၅၀ အိတ်၊ ကုန်သည် စပါး ၂၂၀၀၀ တင်း၊ ဆန် ၂၅၀ အိတ်၊ ဆန်စက်ပိုင်ရှင် ၁၈၀၀၀၀ တင်း၊ ဆန် ၅၂၀၀ အိတ်၊ ဆန်ဆိုင် ဆန်အိတ် ၃၆၀၀ အိတ်၊ စုစုပေါင်း စပါး ၆၉၇၅၀၀ တင်းနှင့် ဆန် ၁၂၀၀၀ ရှိကြောင်း သိရပြီး အောက်တိုဘာလကုန် နောက်ဆုံးစာရင်း မြေပြင်ကွင်းဆင်းမှု အရသိရပြီး မြေပြင်လုပ်ငန်းရှင်တစ်ဦးခြင်း စာရင်းများကို မြို့နယ်တာဝန်ခံရုံးတွင် စာရင်းပြုစု၍ လစဉ်ဖိုင်တွဲဆောင်ရွက်ထားရှိရန်ကို မှာကြားခဲ့ကြောင်း သိရသည်။
DOCA (ဧရာဝတီ)
