
လိမ္မော်သီးသည် မြန်မာနိုင်ငံနေရာအနှံအပြားတွင် ရရှိနိုင်သော လူကြိုက်များသည့် ချိုချဉ်အရသာရှိသောအသီးတစ်မျိုးဖြစ်၍ ကျန်းမာရေးအတွက် ဗီတာမင်စီကြွယ်ဝသောကြောင့် ကလေးမှသည် လူကြီးအထိကြိုက်နှစ်သက်သည့် အသီးအနှံတစ်မျိုးဖြစ်ကြောင်းသိရှိရသည်။ ကယ်လိုရီ၊ ကစီဓာတ်၊ အသားဓာတ်၊ အဆီဓာတ်နှင့် အမျှင်ဓာတ်ကြွယ်ဝသောကြောင့် လိမ္မော်သီးကို တစ်နေ့တစ်လုံး စားသုံးသင့်ကြောင်း၊ ဗီတာမင်စီနှင့် ဗီတာမင်ဘီဓာတ်ပါဝင်သောကြောင့် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း၊ အရေပြားကျန်းမာရေးအတွက်အထောက်အကူပြု၍ နှာခေါင်းနာ၊ လျှာကွဲနာ၊ ပါးစပ်ထောင့် ကွဲသောရောဂါများကိုသက်သာစေကြောင်း၊ ဖောလစ် အက်ဆစ်ကြွယ်ဝသောကြောင့် အမျိုးသမီးများနှင့် ကိုယ်ဝန်ဆောင်မိခင်လောင်းများ စားသုံးသင့် ကြောင်း၊ ကျောက်ကပ်ကျောက် တည်ခြင်းကိုကာကွယ်ခြင်း၊ နှလုံးအားကောင်းစေခြင်း၊ သွေးအား ကောင်း၍ သံဓာတ်စုပ်ယူမှုအား ကောင်းခြင်း၊ ဓာတ်တိုးဆန့်ကျင်ဓာတ်များ ပါဝင်သောကြောင့် ကင်ဆာရောဂါကို လျှော့ချပေးနိုင်ကြောင်း၊ အမျှင်ဓာတ်များကြွယ်ဝစွာ ပါဝင်သောကြောင့် ဆီးချို ရောဂါကိုထိန်းပေး၍ ဝမ်းချုပ် ခြင်းကိုကာကွယ်ကြောင်း၊ တစ်ပတ်လျှင် (၂-၃)ကြိမ်စားပေးသင့်ကြောင်း၊ ဖျော်ရည်ဖျော် သောက်ခြင်းထက် အသီးအတိုင်းစားပါက ဆေးဖက်ဝင်ပြီး ခန္ဓာကိုယ်အတွက် အကျိုးပြုကြောင်း၊ ပိုတက်ဆီယမ်ကြွယ်ဝသောကြောင့် နှလုံးကျန်းမာရေးအတွက် အထောက်အကူ ပြုကြောင်း၊ ဗီတာမင်အေကြွယ်ဝစွာပါဝင်သောကြောင့် မျက်စိကျန်းမာရေးအတွက်ကောင်းမွန်ကြောင်း၊ဗီတာမင်စီကြွယ်ဝစွာပါဝင်သောကြောင့်အရေပြားအတွက်ကော်လာဂျင်ထုတ်လုပ်မှုကို အထောက် အကူပြု၍ အရေးအကြောင်းများကို ကာကွယ်ပေးသဖြင့် အရသာရှိသောလိမ္မော်သီးသည် နေ့စဉ်စား သုံးသင့်သောသစ်သီးတစ်မျိုးဖြစ်ကြောင်း လေ့လာ့သိရှိရသည်။
DOCA (မန္တလေး)
