ဝင်းသန်းဆန်ဆိုင်သို့သင့်တင့်မျှတသောဈေးနှုန်းများဖြင့်ဆန်ရောင်းချမှုရှိ/မရှိကွင်းဆင်းခြင်း

Powered by Drupal

                    စားသုံးသူရေးရာဦးစီးဌာန၊ ‌မြင်းခြံခရိုင်ရုံးမှဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး  ဦးဆောင်၍ အမှတ်(၇-ရပ်ကွက်)ရှိ ဆန်လက်လီလက်ကားရောင်းချသော ဦးဝင်းသန်းဆန်ဆိုင်သို့ ၃၁-၁၀-၂၀၂၅ ရက် နေ့နံနက် (၀၉:၃၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။ 

          ထိုသို့ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်ရာ၌ ဦးဝင်းသန်းဆန်လက်လီလက်ကား အရောင်းဆိုင်တွင် ရောင်းချနေသော ဆန်အမျိုးအစားများမှာ ရွှေဘိုပေါ်ဆန်း (၂၄)ပြည်တစ် အိတ်လျှင် (၁၅၀၀၀၀) ကျပ်၊ ဧရာမင်း-ရွှေဘိုဆန်(၂၄)ပြည်တစ်အိတ်လျှင် (၁၃၃၀၀၀) ကျပ်၊ ဧရာပဒေသာဆန် (၂၄)ပြည်တစ်အိတ် လျှင်(၉၉၀၀၀)ကျပ်၊ မနောသုခဆန်(၂၄)ပြည်တစ်အိတ်လျှင် (၈၅၀၀၀)ကျပ်နှင့် ဖန်သီးသုခ (၂၄)ပြည်တစ်အိတ်လျှင်(၉၀၀၀၀)ကျပ်ဈေးနှုန်းများဖြင့် သင့်တင့် မျှတသောနှုန်းထားများအတိုင်း ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ‌ဦးဝင်းသန်း ဆန်ဆိုင် ပိုင်ရှင်အား ဈေးကွက်အတွင်းဆန်များ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့် မှုမရှိစေရေး၊ ဈေးနှုန်းများတည်ငြိမ်စေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း များမပြုလုပ်ရန်၊ ဈေးကစား ရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မပြုလုပ်ရန်နှင့် ဆန်သိုလှောင်ရုံမှတ်ပုံတင် သက်တမ်းပြည့်ပါက My RO တွင်ဆက်လက် မှတ်ပုံတင်သက်တမ်းတိုးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားရန် စသည်တို့ကိုဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။

DOCA (မန္တလေး)