
မြင်းခြံမြို့နယ်အတွင်းရောင်းချနေသော ကြက်ဥမြေပဲလှော် (ခေါ်)နေကျောက်ခဲများကို မုံရွာမြို့နှင့်ပခုက္ကူမြို့တို့မှ မှာယူ၍ဒေသတွင်းဖြန့်ဖြူးရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ အောက်တို ဘာလ နောက်ဆုံးပတ်တွင် အေးမြသီတာဈေး၌ ရောင်းချနေသော ကြက်ဥမြေပဲလက်လီဈေးနို့ဆီဗူး (၁)ဗူးလျှင် (၂၀၀၀)ကျပ်၊ နို့ဆီဗူး(၄)ဗူးလျှင် (၇၀၀၀)ကျပ်၊ လက်ကားဈေးတစ်ပြည်လျှင် (၁၃၀၀၀)ကျပ်ခန့်ဈေးများဖြင့် ရောင်းချလျက်ရှိကြောင်း၊ သရေစာအဖြစ်စားသုံးကြ၍ ကလေးနှင့်လူလတ်ပိုင်းအရွယ်များ စားသုံးမှုများပြား၍ အရောင်းအဝယ်ကောင်းကြောင်း၊ နေ့စဉ်အရောင်း အဝယ်အနေဖြင့် (၇-၈) ပြည်ခန့်ရောင်းချရကြောင်း စားသောက်ကုန်ရောင်းချသူ၏ ပြောပြချက်အရသိရှိရသည်။ ပရိုတင်းဓာတ်နှင့် ဗီတာမင်အေစသည့်ဓာတ်များ ကြွယ်ဝသောကြောင့် ကြွက်သား များအားသန်မာစေပြီး အရိုးပွရောဂါကို ကာကွယ်ပေးကြောင်း၊ မျက်စိအားကောင်းစေပြီး ဦးနှောက်နှင့် မှတ်ဉာဏ်တိုးစေ၍ အစာအိမ်နှင့် အူလမ်းကြောင်းအားကောင်းစေပြီး သံဓာတ်စုပ်ယူမှုကို မြှင့်တင်ပေးကြောင်း သိရှိရသည်။
DOCA (မန္တလေး)
