
မွန်ဂိုးလီးယားနိုင်ငံတွင် ယခုနှစ် ပထမ ၁၀ လအတွင်း ကျောက်မီးသွေးတန်ချိန် ၆၅ သန်း တင်ပို့မှုရှိကြောင်း အကောက်ခွန် အထွေထွေအုပ်ချုပ်ရေး အမ်စီဂျီအေ (MCGA) က ယမန်နေ့က ပြောကြားခဲ့သည်။
ယခုနှစ်အတွင်း ကျောက်မီးသွေးတင်ပို့မှုသည် ယခင်နှစ်အလားတူကာလကတင်ပို့မှုထက် ၁ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းသွားသည်ဟု အမ်စီဂျီအေက ကြေညာချက်တစ်စောင်တွင် ပြောကြား ခဲ့သည်။
ရွှေ၊ ငွေ၊ ကြေးနီနှင့် ကျောက်မီးသွေးကဲ့သို့သော သဘာဝအရင်းအမြစ်များ ကြွယ်ဝသော ကြောင့် သတ္တုတွင်းကဏ္ဍသည် မွန်ဂိုးလီးယားစီးပွားရေး၏ အဓိက မဏ္ဍိုင်များအနက် တစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်ဟု သိရသည်။
Source: ဆင်ဟွာ
DOCA(ပြည်ထောင်စုနယ်မြေ)
