
၁၁.၁၁.၂၀၂၅ ရက်နေ့တွင်မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး၏ ကြီးကြပ်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မွန်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဦးဆောင်ကျင်းပသော တိုင်းရင်းသားရေး ရာအသိပညာပေး ဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်း ကျောင်းပညာ လိုအပ်ချက် ဆန်းစစ်စီမံခြင်းကို ယနေ့နံနက် ၉ နာရီက ကျောက်တစ်လုံး ကျေးရွာရှိ မြိုင်ကုန်းဘုန်းကြီးကျောင်း၌ ပြုလုပ်သည်။
အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ပြည်နယ်ညွှန်ကြားရေးမှူး ဒေါ်သန္တာလင်းမှ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ၊ အမုန်းစကားနှင့်အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီး ခြင်းဆိုင်ရာ အသိပညာပေးကိစ္စရပ်များအကြောင်း၊ လက်ထောက်ညွှန်ကြားရေးမှူးက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေနှင့် ပတ်သက်သည့်အကြောင်း၊ ပြည်နယ်တိုင်းရင်းသား စာပေနှင့်ယဥ်ကျေးမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြာရေးမှူးက တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုဆိုင်ရာကိစ္စရပ်များကို ပြောကြားသည်။ ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိက အမျိုးသမီး/ မသန်စွမ်း/ ကလေး သူငယ်အခွင့်အရေး၊ လူငယ်ရေးရာမူဝါဒ၊ လူမှုရေး ပင်စင်ဆိုင်ရာ ကိစ္စရပ်များအကြောင်း၊ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပလတ်စတစ်ညစ်ညမ်းခြင်းအကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနအကြောင်း၊ မြို့နယ်ဦးစီးမှူးရုံးမှ လူဝင်မှုကြီးကြပ်ရေးမှူးက နိုင်ငံ သားအခွင့်အရေးနှင့် တိုင်းရင်းသားလူမျိုးများ၏ အမည်ရှေ့တွင် ဝိသေသရှေ့ဆောင် စကားလုံးများ ပါဝင်ရေးသွင်းနိုင်ရေးကိစ္စရပ်များကို ပြောကြားခဲ့သည်။
ဆက်လက်၍ ဝန်ထမ်းများမှ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို စစ်တမ်းကောက်ယူရာ တက်ရောက်လာသော ဒေသခံတိုင်းရင်းသား (၈၀)ဦးမှ စစ်တမ်းမေးခွန်းလွှာများ ဖြေဆိုခဲ့ကြကြောင်း သိရသည်။
DOCA (မွန်)
