ကျိုက်ထိုမြို့အတွင်းရှိ စားအုန်းဆီ လက်လီ၊ လက်ကားရောင်းချသည့် “Kaung Hlyan New Asia Co. Ltd” အရောင်းနေရာသို့ ကွင်းဆင်းကြပ်မတ်ဆောင်ရွက်

Powered by Drupal

  ၁၁.၁၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ် တာဝန်ခံသည် စားအုန်းဆီစျေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သော စျေးနှုန်းများဖြင့် ရောင်းချစေ‌ရေး၊  စျေးနှုန်းမြှင့်တင်ရောင်းချမှု မရှိ‌စေရေး၊ ဗီနိုင်းချိတ်ဆွဲရောင်းချစေရေးအတွက် ပြည်ပမှ စားအုန်းဆီများ တင်သွင်းသည့် ကုမ္ပဏီများမှ ဝယ်ယူ၍ ကျိုက်ထိုမြို့နယ်အတွင်း စားအုန်းဆီ လက်လီ၊လက်ကား ရောင်းချသည့် “Kaung Hlyan New Asia Co. Ltd” ၏ ရွှေ့လျားအရောင်းနေရာ တောင်သူစုရပ်ကွက် အောင်သီရိမြိုင်အရောင်းနေရာသို့ ကွင်းဆင်းကြပ်မတ် ဆောင်ရွက် ခဲ့ပါသည်။

          အဆိုပါ စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းသယ်ယူပို့ဆောင်ခစရိတ် အမြတ်၂ ရာခိုင်နှုန်းတို့ဖြင့် လက်လီလက်ကားဆိုင်ခွဲများသို့ ရောင်းချပေးပြီး လက်လီအရောင်း ဆိုင်များကလည်း စားသုံးသူပြည်သူများထံသို့ အမြတ် ၂ရာခိုင်နှုန်း ရယူ၍ မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများသို့ လှည့်လည်ရောင်းချပေးလျှက်ရှိရာ စားသုံးသူပြည်သူများအနေဖြင့် ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူလျှက်ရှိပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA (မွန်)