
မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မိတ်ဖက်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြည်သူများ စားသုံးသူရေးရာနှင့် ပတ်သက်သည့် အခွင့်အရေးများ အပြည့်အဝရရှိစေရန် ရည်ရွယ်၍ ပြည်တွင်းပြည်ပမှ ထုတ်လုပ်တင်သွင်းသော ကုန်စည်များ ဘေးအန္တရာယ်ကင်းရှင်းမှု ရှိ၊ မရှိ၊ ကုန်ညွှန်း အမှတ်အသားတွင် ဖော်ပြရမည့်အချက်များ ပြည့်စုံစွာပါဝင်မှု ရှိ၊ မရှိ စစ်ဆေးခြင်းနှင့် ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများကို ၁၂-၁၁-၂၀၂၅ ရက်နေ့ နံနက် ၈ နာရီအချိန်က မြို့မဈေးအတွင်း မြို့ပေါ်ဆိုင်များအား ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း မအူပင်မြို့နယ်အတွင်း၌ ရောင်းချနေသော ဦးစားပေး ကုန်စည်အမျိုးအစား(၁၀)မျိုးအဖြစ် ရွေးချယ်သတ်မှတ်ထားသော အရန်သင့်အစားအစာ အမျိုးမျိုး၊ စားသုံးဆီအမျိုးမျိုး၊ အသင့်စားမုန့်အမျိုးမျိုး၊ သောက်ရေသန့်အမျိုးမျိုး၊ အချိုရည်နှင့်ယိုမျိုးစုံ၊ ဆီသွပ်အစားအစားအမျိုးမျိုး၊ အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုတ် အမျိုးမျိုး၊ (၁၀ ဂရမ်အထက်နှင့် အောက်) အလှကုန်ပစ္စည်းအမျိုးမျိုး၊ လူသုံးကုန်ပစ္စည်းများမှ ဆပ်ပြာခဲအမျိုးမျိုးနှင့် သွားတိုက်ဆေး အမျိုးမျိုးအား သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိစေရန် စစ်ဆေးခြင်း၊ ဈေးနှုန်းများ မှန်ကန်မှုရှိစေရေး စစ်ဆေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)
