
ဆောင်းဦးရာသီအတွင်း မန္တလေးကုန်စိမ်းစျေးကွက်သို့ ရွှေပဲသီးတောင့်ဝင်ရောက်မှုအနည်း ငယ်လျော့နည်းပြီး၊ စျေးအနည်းငယ်မြင့်တက်သွားရှိကြောင်း သိရှိရပါသည်။ မန္တလေးမြို့၊ ၄၁လမ်း ဈေးနှင့် သီရိမာလာ ဈေးတို့တွင် မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်မြို့နှင့်ရှမ်းပြည်နယ်ဒေသတို့မှထွက်ရှိသော ရွှေပဲသီးတောင့်သီးနှံများ ဝင်ရောက်ကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာလ ပထမပတ်အတွင်း ပေါက်စျေးအနေဖြင့် ရွှေပဲသီးတောင့် တစ်ပိဿာလျှင် လက္ကားစျေး ၇၅၀၀ ကျပ်နှင့် ၈၀၀၀ ကျပ်၊လက်လီစျေး ၈၅၀၀ ကျပ်နှင့် ၉၀၀၀ ကျပ်၊ ရွှေပဲသီး အရွက်(၁၀ စည်းပါ) တစ်စည်းလျှင် လက္ကား စျေး ၉၀၀၀ ကျပ်နှင့် ၁၀၀၀၀ ကျပ်၊ လက်လီစျေး ၁၁၀၀၀ ကျပ်နှင့် ၁၃၀၀၀ ကျပ်ဖြင့် ရောင်းချပြီး၊ အောက်တိုဘာလနောက်ဆုံးပတ်ပေါက်စျေးနှင့် နှိုင်းယှဉ်ပါကတစ်ပိဿာလျှင် ၅၀၀ ကျပ်ခန့် မြင့်တက်သွားပြီး၊ ဆောင်းဦးရာသီရှိရွှေပဲသီးတောင့်ကုန်စိမ်းမှာအရောင်းသွက် လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရပါသည်။
DOCA(မန္တလေး)
