
မန္တလေးစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီး ၊ စစ်ကိုင်းတိုင်း ဒေသကြီး နှင့်ရှမ်းပြည်နယ် တို့မှ သံပုရာသီးနှင့် သံပုယိုသီးများ တန်ဆောင်မုန်းလပြည့်ကျော်ရာသီအချိန်တွင် ဝင်ရောက်မှု အနည်းငယ်လျော့ကျပြီး၊စျေးအနည်းငယ်မြင့်တက်ကာ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါ သည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာလပထမပတ်အတွင်း ဖြစ်ပေါ်သည့် စျေးနှုန်းများမှာ သံပုရာသီး ၁၀ လုံး လျှင် အလုံးကြီး ၁၅၀၀ ကျပ်နှင့် ၁၈၀၀ကျပ်၊အလုံးလတ် ၁၂၀၀ ကျပ်နှင့် ၁၃၀၀ ကျပ်၊ သံပုယိုသီး ၁၀ လုံးလျှင် အလုံးကြီး ၉၀၀ ကျပ်နှင့် ၁၁၀၀ ကျပ်၊ အလုံးလတ် ၇၀၀ ကျပ်နှင့် ၈၀၀ ကျပ်စျေးတို့ဖြစ် ပေါ်လျက်ရှိပြီး၊ အလုံးအရွယ်အစားပေါ်မူတည်၍ စျေးအနည်းငယ်ပြောင်းလဲမှုရှိကြောင်း သိရပါသည်။ တန်ဆောင်မုန်းပြည့်ကျော် ရာသီအချိန်အတွင်း သံပုရာသီးနှင့် သံပုယိုသီးမှာဝင်ရောက်မှုအနည်းငယ်လျော့ကျသည့်အတွက်စျေးအနည်းငယ်မြင့်တက်သွားကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
