ပဲခူးမြို့ကတွင်းခြံ အခြေခံပညာအထက်တန်းကျောင်းတွင်စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

Powered by Drupal

  ပဲခူးတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၁.၁၁.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပဲခူးမြို့ကတွင်းခြံ၊ အခြေခံပညာ အထက်တန်းကျောင်းခွဲသို့ သွားရောက်၍ စားသုံးသူကာကွယ်ပေးရေး အသိပညာပေး‌ဟောပြောပွဲ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒေါ်ခိုင်ဇာနည်၊ အငယ်တန်းစာရေးမှ စားသုံးသူကာကွယ် ပေးရေးသမိုင်းကြောင်းကိုလည်ကောင်း၊ ဦးညီသူရဇော်၊ အငယ်တန်းစာရေးမှ စားသုံးသူအခွင့် အရေးနှင့် လိုက်နာရမည့် တာဝန်ဝတ္တရားများကိုလည်ကောင်း ၊ ဒေါ်ရွှေစင်လှိုင်၊ အငယ်တန်းစာရေးမှ အစားအသောက်နှင့်ပတ်သတ်၍ သိရှိသိထိုက်သည့် ဗဟုသုတများကိုလည်းကောင်း ၊ ဦးသန်းဇော် ဒုကြီးကြပ်ရေးမှူးမှ ကုန်အညွှန်းအမှတ်အသား ကုန်စည်ဝန်ဆောင်မှု၊ Online Shopဝယ်ယူ သုံးစွဲခြင်းဆိုင်ရာများအား အသီးသီးပညာပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ဆရာ၊ ဆရာမ (၂၇)ဦး၊ ကျောင်းသား/ကျောင်းသူ(၂၇၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ပေးရေးနှင့် ပတ်သတ်၍ အသိပညာများ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ရာ ဆုရကျောင်းသား/ ကျောင်းသူများအား ဆုပေးခြင်းများလည်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)