
ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ ဒေါ်မြတ်မြတ်စိုးသည် ၁၃.၁၁.၂၀၂၅ ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် အမှတ်(၁) ရပ်ကွက်၊ ကညင်ချောင်းလမ်းရှိ ဦးစံထူးအောင်၏ ထူးသစ်မုန့်တိုက်မှ ထုတ်လုပ်သော မုန့်များအား မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသားများပြည့်စုံစွာဖော်ပြရန်၊ လုပ်ငန်းသုံးပစ္စည်းများ၊ စက်ကိရိယာများ၊ သန့်ရှင်းသပ်ရပ်စွာ အသုံးပြုကိုင်တွယ်ရန်၊ စားသုံးသူများအား ဘေးအန္တရာယ်ဖြစ်စေနိုင်သော ဓါတုဆိုးဆေးများမသုံးစွဲရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
( Doca ဧရာဝတီ )
