
ပဲခူးတိုင်းဒေသကြီး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပဲခူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန ပဲခူးမြို့နယ်တာဝန်ခံတို့သည် (၁၇.၁၁.၂၀၂၅)ရက်နေ့ နံနက် (၉း၀၀)အချိန်တွင် ပဲခူးမြို့ပေါ်ရှိ ဆေးဆိုင်များနှင့် အလှကုန်ဆိုင်များတွင် ရောင်းချလျက်ရှိသော ကုန်စည်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေးနှင့် သက်ဆိုင်ရာဌာန များ၏ အထောက်အထားများ ရှိ/မရှိ တို့ကိုဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါစစ်ဆေးရေးအဖွဲ့များအနေဖြင့် ဆေးဆိုင်များ နှင့် အလှကုန်ပစ္စည်း များရောင်းချ လျက်ရှိသော ဆိုင်ရှင်များအား မိမိရောင်းချလျက်ရှိသော ကုန်ပစ္စည်းများသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန၏ ထောက်ခံချက်မရှိသော ဆေးဝါးနှင့်အလှကုန်ပစ္စည်းများ ၊ သက်တမ်းလွန် ဆေးဝါးများ ရောင်းချခြင်းမပြုမိစေရန် နှင့်အလှကုန်ပစ္စည်းများနှင့် ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါးသောက်ဆေးများတွင် စားသုံးသူ ကာကွယ်ရေးဉပဒေအရ မြန်မာဘာသာဖြင့် ဖော်ပြထားသော ဆေးဝါးများကိုသာ ရောင်းချရမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပါသည်။
DOCA- ပဲခူး
