ဘီးလင်းမြို့နယ်အတွင်းရှိစက်သုံးဆီအရောင်းဆိုင်များအား စျေးနှုန်းမှန်ကန်စွာရောင်းချခြင်းရှိ၊မရှိကွင်းဆင်းစစ်ဆေး

Powered by Drupal

             ၁၅.၁၁.၂၀၂၅ ရက်နေ့တွင်  မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် စက်သုံးဆီရောင်းချ လျက်ရှိသော ဆီဆိုင်များအား ပုံမှန်စျေးနှုန်းအတိုင်း ရောင်းချခြင်းရှိ၊မရှိ ကွင်းဆင်း စစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းမှစတင်ကာ တာဝန်ရှိသူများက စစ်ဆေးခဲ့ကြောင်း သိရသည်။

            အဆိုပါ စက်သုံးဆီဆိုင်များ သတ်မှတ်စျေးနှုန်းအတိုင်းရောင်းချခြင်း ရှိ၊မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများ ထိန်းသိမ်း ကြီးကြပ်ရေး ဆပ်ကော်မတီဥက္ကဌ ဦးစည်သူအောင်၊မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မင်းတင်နှင့် ကော်မတီအဖွဲ့ဝင်များ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်အတွင်းရှိ စက်သုံးဆီ အရောင်း ဆိုင်များ ဖြစ်သော SOLO ဆီဆိုင် ၊DENKO ဆီဆိုင်၊ PUMAR ဆီဆိုင်၊ ROYAL ဆီဆိုင်နှင့် ပြည့်ဝ ဆီဆိုင်များသို့ သွာရောက်ကာ စက်သုံးဆီရောင်းချသည့် စျေးနှုန်းများစစ်ဆေးခြင်း၊ ရောင်းချဆီလီတာများ ပြည့်၊မပြည့် စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြပြီးစက်သုံးဆီ အသုံးပြုသူများ ဆီပြတ်တောက်မှုမရှိအောင် စနစ်တကျရောင်းချပေးရေးနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား ထပ်ဆင့်မှာကြားခဲ့ကြကြောင်း သိရသည်။

DOCA (မွန်)