ပေါင်မြို့နယ်၌ (၁၀၅)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

Powered by Drupal

                       ၁၄.၁၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ် ၊ပေါင်မြို့နယ်၌ (၁၀၅) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အခမ်းအနားကို ယနေ့နံနက် ၉နာရီက (အထက)ပေါင် ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ကျောင်းသား၊ကျောင်းသူလေးများက ဇာတိမာန်တေးသီချင်းဖြင့် သီဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့သည်။ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော(၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထင်လင်းအောင်က ဖတ်ကြားခဲ့သည်။ ထို့နောက် ဆုပေးပွဲအခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့ရာ (၁၀၅) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့်ကဗျာပြိုင်ပွဲတွင် ဆုရရှိကြသော ကျောင်းသား၊ကျောင်းသူလေးများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထင်လင်းအောင် နှင့် အဖွဲ့ဝင်တို့က ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ပြီးကျောင်းသား၊ကျောင်းသူများက မြန်မာ့ကျောင်းတေးသီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။

DOCA (မွန်)