
စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်တွင်း၊ ပြည်ပမှ ထုတ်လုပ်တင်သွင်းလာသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများအပေါ် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး၊ စားသုံးသူအခွင့်အရေးများ ပြည့်ပြည့်ဝဝရရှိရေး၊ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဆောင်ရွက် ပေးလျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုအရ ပြည်မြို့နယ် တာဝန်ခံ ဦးထွန်းနိုင်လင်းနှင့် ဝန်ထမ်းများသည် (၁၂.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ပြည်မြို့၊ နဝဒေးရပ်ကွက်၊ ဒေါနလမ်းနေ STD အမှတ်တံဆိပ် ဘက္ထရီအက်ဆစ် ကွန်ပေါင်းလုပ်ငန်းနှင့် နဝဒေးရပ်ကွက်၊ ခွာညိုလမ်းရှိ Light အမှတ်တံဆိပ် ဘက္ထရီအက်ဆစ် ကွန်ပေါင်းလုပ်ငန်းများသို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်စည်၏ ထုပ်ပိုးမှုအပြင်အဆင်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားများ ရေးသားရာ၌ စားသုံးသူကာကွယ် ရေးဥပဒေ၊ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားပြုလုပ်ခြင်းဆိုင်ရာ ပြဌာန်းချက်များနှင့်အညီ ရေးသားဖေါ်ပြနိုင်ရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရပါသည်။
DOCA(ပဲခူး)
