
၁၃.၁၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ဆံပင်ပြုပြင်ရန် သုံးစွဲပစ္စည်းအမျိုးမျိုးနှင့်စပ်လျဥ်း၍ စျေးကွက် စောင့်ကြည့် စစ်ဆေးခြင်းများကို ယနေ့ မွန်းလွဲ (၁) နာရီက ပေါင်မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူ အသီးသီးတို့က မြို့ပေါ်ရပ်ကွက် ( ၄ )ခု၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ပေါင်မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးနှင့် တာဝန်ရှိသူ အသီးသီးတို့က စျေးကွက်အတွင်း ရောင်းချနေသော ဆံပင်ပြုပြင်ရန် သုံးစွဲပစ္စည်းအမျိုးမျိုးတွင် စားသုံးသူကာကွယ် ရေးဥပဒေ ပြဌာန်းချက်အတိုင်း ကုန်အမှတ်အသားပြည့်စုံစွာ ဖော်ပြခြင်း ရှိ/မရှိ ၊သက်ဆိုင်ရာ ဌာနများက ကန့်သတ်တားမြစ်ထားသည့် ဆံပင်ပြုပြင်ရန် သုံးစွဲပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ၊ စားသုံးသူ ဘေးအန္တရာယ်ဖြစ်စေနိုင်သော ပစ္စည်းများရောင်းချနေမှုရှိ/မရှိ တို့အား စစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန် စံနှုန်းနှင့် ကိုက်ညီ၍ သက်ဆိုင်ရာ ဌာနများမှ ခွင့်ပြုထားသော ကုန်ညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော အလှကုန်ပစ္စည်းများကိုသာ စျေးကွက်အတွင်း ရောင်းချခြင်းများပြုလုပ်ကြရန်နှင့် စျေးကွက်အတွင်းရောင်းချခြင်းမပြုသည့် အလှကုန်ပစ္စည်းများကို ရှောင်ရှားကြရန် ဆိုင်ရှင်များအား အသိပညာပေးပြောကြား ခဲ့ကြောင်းသိရသည်။
DOCA (မွန်)
