
အမေရိကန်နိုင်ငံသို့ ပေါ်တူဂီဝိုင်တင်ပို့မှုသည် ၂၀၂၅ ခုနှစ် ပထမကိုးလအတွင်း ယူရို ၉.၃ သန်း (အမေရိကန်ဒေါ်လာ ၁၀.၈၂ သန်း) ကျဆင်းသွားကြောင်း၊ ပေါ်တူဂီဝိုင်တင်ပို့မှုကဏ္ဍသည် အမေရိကန်၏ အခွန်အစီအမံများ၏ သက်ရောက်မှုကို ဆက်လက်ခံစားနေရဆဲဖြစ်ကြောင်း Vini Portugal မှ ပြည်တွင်း မီဒီယာများသို့ ပေးပို့သည့် အချက်အလက်များအရ သိရသည်။ ဇန်နဝါရီလ ၂၀ ရက်နေ့ Donald Trump စတင်တာဝန်ယူပြီးနောက် အကောက်ခွန်အငြင်းပွားမှုများ ပိုမိုပြင်းထန်လာခဲ့သည်။ မေလတွင် ပေါ်တူဂီုနိုင်ငံမှ အမေရိကန်နိုင်ငံသို့ ဝိုင်တင်ပို့မှုသည် တစ်နှစ်ထက်တစ်နှစ် ၉.၇ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး ကုန်ပစ္စည်းများ အားလုံးအပေါ် ၁၀ ရာခိုင်နှုန်း အကောက်ခွန်စည်းကြပ်မှုပြုပြီးနောက် စုဆောင်းငွေယူရို ၄ သန်းဆုံးရှုံးခဲ့သည်။ စက်တင် ဘာလ ၃၀ ရက်နေ့ ကာလအထိ အကျုံးဝင်ခဲ့သည့် ဥရောပသမဂ္ဂနှင့် သဘောတူသည့် အကောက် ခွန် ၁၅ ရာခိုင်နှုန်းအရ ဝိုင်တင်ပို့ရောင်းချမှုတန်ဖိုးသည် ယခုအချိန်တွင် ထပ်မံကျဆင်းခြင်းကို ပြသလျက်ရှိသည်။ ကမ္ဘာတစ်ဝှမ်းရှိ Wines of Portugues အမှတ်တံဆိပ်ကို အရောင်းမြှင့်တင်ရန် တာဝန်ရှိသော Vini Portugal ဥက္ကဌဖြစ်သူ Frederico Falcao က ၎င်းသည် ပုံမှန်တင်ပို့မှု တန်ဖိုးကျဆင်း ခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။ အကောက်ခွန်စည်းကြပ်မှုသည် ၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက အနုတ်လက္ခဏာဆောင်ကြောင်း၊ အခွန်စည်းကြပ်ခြင်းထက်ပို၍ ထိခိုက်စေသည်မှာ ဝယ်ယူသူများအား သိသာစွာစိတ်ပျက်စေသည့် အမေရိကန်စျေးကွက်၏ ကြိုတင်ခန့်မှန်းနိုင်စွမ်းပင်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။ Prowin Shanghai 2025 တွင် ပါဝင်သည့် ပေါ်တူဂီ ထုတ်လုပ်သူ ၃၃ ဦးနှင့်အတူ တရုတ်နိုင်ငံသို့ မထွက်ခွာမီ Falcao မှ ပို့ကုန်တန်ဖိုး ကျဆင်းသော်လည်း ပို့ကုန်တန်ဖိုးကျဆင်းသော်လည်း ပို့ကုန်ပမာဏတိုးလာကြောင်း ပြောကြားခဲ့သည်။
Source: Xinhua
DOCA (ရန်ကုန်)
