
ဆော်ဒီအာရေဗျနိုင်ငံသည် နိုင်ငံ၏ စွမ်းအင်ကဏ္ဍကို အထောက်အကူပြုရန် ထောက်ပံ့ငွေ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရေနံစိမ်းစည်းပေါင်း ၆၅၀၀၀၀ ကို ဆီးရီးယားနိုင်ငံသို့ ပို့ဆောင်ခဲ့ကြောင်း နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။
Banias ဆိပ်ကမ်းသို့ ပို့ဆောင်သော အဆိုပါ တင်ပို့မှုသည် စည် ၁.၆၅ သန်း ရေနံစိမ်းထောက်ပံ့ငွေ၏ ပထမဆုံးအသုတ်ဖြစ်ကြောင်း ဆော်ဒီသတင်းဌာနက ဖော်ပြခဲ့ပါသည်။ အဆိုပါအကူအညီသဘောတူညီချက်ကို စက်တင်ဘာလ ၁၁ ရက်နေ့က ဆော်ဒီစွမ်းအင်ဝန်ကြီး ဌာန ၏ ကြီးကြပ်မှုနှင့် Saudi Fund for Development နှင့် ဆီးရီးယား စွမ်းအင်အာဏာပိုင်များအကြား လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပါသည်။
အစီအရင်ခံစာအရ ၎င်းသဘောတူညီချက်သည် ဆီးရီးယားရေနံချက် စက်ရုံများ၏ လုပ်ငန်းလည်ပတ်မှုကို မြှင့်တင်ရန်၊ ဆီးရီးယား၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန်၊ လက်ရှိစီးပွားရေး စိန်ခေါ်မှုများကို ဖြေရှင်ရန်နှင့် ဆီးရီးယားစီးပွားရေး၏ အဓိက ကဏ္ဍများကို တိုးတက်အောင်လှုံ့ဆော်ပေးရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Source : Xinhua
DOCA (ရန်ကုန်)
