အာဖဂန်နစ္စတန် တောင်ပိုင်းဒေသထွက် တလည်းသီး တန်ချိန် ၂၂၀၀၀ ခန့် ပြည်ပသို့တင်ပို့

Powered by Drupal

    ယခုနှစ်အတွင်း အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း ကန်ဒါဟာဒေသမှ တလည်းသီး တန်ချိန် ၂၂၀၀၀ ခန့်ကို  တင်ပို့ပြီးဖြစ်ကြောင်း ပြည်နယ်စိုက်ပျိုးရေးညွှန်ကြားရေးမှူး အိုင်မာလ်ဟာကီမီက နိုဝင်ဘာ  ၁၆ ရက်တွင် ပြောကြားသည်။

     ပြီးခဲ့သည့်နှစ်က   ကန်ဒါဟာပြည်နယ်မှ တလည်းသီးတန်ချိန် ၇၀၀၀ သာ  တင်ပို့ခဲ့ရပြီး ယခုနှစ် တွင် ယနေ့အထိ  တလည်းသီးတန်ချိန်   ၂၁၈၇၀   တင်ပို့ပြီးဖြစ်ကြောင်း ၎င်းကဆိုသည်။ ယခုနှစ် အတွက် ကန်ဒါဟာဒေသ၏   တလည်းသီးတင်ပို့မှု   အဓိကဈေးကွက်များမှာ မလေး ရှား၊  ရုရှား၊ ပါကစ္စတန်နှင့် ဥဇဘက်ကစ္စတန်နိုင်ငံတို့ဖြစ်ကြောင်း  ၎င်းက ဖြည့်စွက်ပြောကြားသည်။

     တလည်းသီး အများဆုံးထွက်ရှိရာဒေသအဖြစ် လူသိများသည့် ကန်ဒါဟာဒေသသည်   အာဖ ဂန်နစ္စတန်၏   ထိပ်တန်းတလည်းသီးထုတ်လုပ်သည့်   ပြည်နယ်များအနက် တစ်ခုဖြစ်သည်။ တလည်းသီး တင်ပို့မှု  တိုးတက်လာခြင်းသည် ဥယျာဉ်သီးနှံထုတ်လုပ်မှု တိုးတက်လာခြင်း၊   ရိတ် သိမ်းချိန်လွန်ကာလ ထိန်းသိမ်းမှုနည်းစနစ်များ ပိုမိုကောင်းမွန်လာခြင်းနှင့် ပြည်ပ ဝယ်လိုအား နှင့်  ကုန်သွယ်မှုဆက်ဆံရေး ပိုမိုခိုင်မာလာခြင်းတို့ကြောင့်ဖြစ်ကြောင်း  အရာရှိက ဆိုသည်။

    စစ်ပြီးကာလ နိုင်ငံတော်ဘဏ္ဍာငွေသို့ နှစ်စဉ် အမေရိကန်ဒေါ်လာ ၃၅ သန်းခန့် ပံ့ပိုးပေးနေ သည့် တလည်းသီးကို  အာဖဂန်နစ္စတန်၏ အဓိကတင်ပို့ကုန်ပစ္စည်းများအနက် တစ်ခုအဖြစ်  သတ် မှတ်ထားသည်။

    ဒေသခံတောင်သူများ၏ နှစ်စဉ်ဝင်ငွေတိုးပွားစေရန်နှင့် တန်ဖိုးကြီးသစ်သီးတင်ပို့မှု ရေရှည် တည်တံ့စေရန်အတွက် ဒေသအာဏာပိုင်များက တလည်းသီးစိုက်ပျိုးတောင်သူများနှင့် ကုန်သည် များအား    ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ 

 

Source: ဆင်ဟွာ                                                              

 

DOCA(ပြည်ထောင်စုနယ်မြေ)